1. Home
  2. Special or Others

တရားခံပြေးဝင်ဖမ်းသည့်ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဓားထိုးခံရပြီးသေဆုံး

Special or Others ก.ย. 03, 2558 view 1,652

စက်တင်ဘာလ၂ရက်နေ့က သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာမှာ တည်းခိုခန်းအတွင်းရှိနေတဲ့ တရားခံပြေးကို ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးရာမှာ တရားခံပြေးက ဓါးနဲ့ပြန်လည် တိုက်ခိုက်ခဲ့တာ ကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပါတယ်။ ဓါးထိုးခံရမှုကြောင့် သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဟာ သန်လျင်မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင် နေတဲ့ ရဲအုပ်အောင်နိုင်နဲ့ ရဲတပ်ကြပ်သူရလွင်တို့ဖြစ်ပြီး နှစ်ဦးစလုံးဟာ အိမ်ထောင်ရှင်များဖြစ်ပြီး သား၊ သမီး များ ကျန်ရစ်ခဲ့ကြပါတယ်။

# Eleven Media Group



Follow us on