1. Home
  2. Movie Stars - Celebrity

တောင်ကိုးရီးယား နိုင်ငံရှိအမျိုးသားများကြားရေပန်းစားနေတဲ့ မင်းသားတစ်ဦး၏မျက်နှာ

Movie Stars - Celebrity ก.ค. 25, 2562 view 1,612

တောင်ကိုးရီးယားနိုင်ငံရှိ ချောမောလှပတဲ့ မင်းသားများကြားမှာ မင်းသား Seo Kang Joon ရဲ့ မျက်နှာကတော့ ရေပန်းစား နေတာပဲဖြစ်ပါတယ်။ Seo Kang Joon ဟာ သဘာဝအတိုင်းချောမောလှပသူတစ်ဦးဖြစ်ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ပွင့်ဆိုလဲ မမှားပါဘူး။ Seo Kang Joon တစ်ယောက် ကိုးရီးယားယောင်္ကျားထုကြီးရဲ့ လေးစားအားကျခံနေရတယ်ဆိုတာ မျက်နှာခွဲစိတ်ဆရာဝန်တွေ ဘယ်လိုပြောပြသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန်  Read More ကိုနှိပ်ပါ။<<

Naver website တွင် သတင်းထုတ်ပြန်ချက်အရ မျက်နှာခွဲစိတ် ဆရာဝန်များဟာ အောက်ပါအတိုင်း အွန်လိုင်းမှတစ်ဆင့် မေးမြန်းခံခဲ့ရပါတယ်။

“Seo Kang Joon လို မျက်လုံးမျိုးနဲ့တူအောင် လုပ်ပေးလို့ရမလား?”

“Seo Kang Joon လိုမျို မျက်ဆန်မျိုးရရှိအောင် ခွဲစိတ်ပေးနိုင်မလား”

“Seo Kang Joon လို မျက်လုံးမျိုးပိုင်ဆိုင်ချင်ပါတယ် ခွဲစိတ်ဆရာဝန်နဲ့တွေ့ရင် ဘယ်လိုပြောရင်ရနိုင်ပါမလဲ”

အစရှိသဖြင့် Seo Kang Joon နှင့်တူအောင် ခွဲစိတ်ပြုပြင်လိုသူများ ပေါများလာပါတယ်။

အခုလို Seo Kang Joon တစ်ယောက် ကိုးရီးယားအမျိုးသားများကို လွှမ်းမိုးထားနိုင်တာဟာ သူ့ရဲ့ ရုပ်ရည်ချောမောပြေပြစ်မှုကြောင့်ဆိုတာ ပြောနေစရာတောင်လိုမယ်မထင်ပါဘူး။

Ref:allkpop

(ပိုပိုလေး)



Follow us on