1. Home
  2. Movie Stars - Celebrity

IU ရဲ့ ရိုက်ကွင်းကို ကော်ဖီလှည်းအကြီးစားပို့ပေးပြီး ဖန်အကြီးစားဖြစ်ကြောင်း ပြသလိုက်တဲ့ Song Seung Heon

Movie Stars - Celebrity ก.ค. 25, 2562 view 1,675

မြန်မာပရိတ်သတ်တွေ ဂျွန်စောလို့ သိကြတဲ့ မင်းသားကြီး Song Seung Heon ကတော့ သူ့ကိုယ်သူ IU ရဲ့ ပရိတ်သတ်အကြီးစားတစ်ယောက်ဖြစ်ကြောင်း ပြသလိုက်ပါပြီ။ Song Seung Heon ဟာ Hotel Del Luna ရိုက်ကွင်းကို IU အတွက် ကော်ဖီလှည်းပို့ပေးခဲ့တဲ့အပြင် သူ့ကိုယ်သူ IU Fanclub ရဲ့ ခေါင်းဆောင်လို့တောင် တင်စားပြီး ရေးသားထားပါတယ်။ IU တစ်ယောက် Song Seung Heon ကော်ဖီလှည်းပို့ပေးတာနဲ့ ပတ်သတ်ပြီး ဘယ်လို တုန့်ပြန်လာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

မင်းသားကြီး Song Seung Heon ကိုယ်တိုင်ပို့ပေးခဲ့တဲ့ ကော်ဖီလှည်းနှင့်အတူ ဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်မှာ ကျေးဇူးတင်ကြောင်းရေးသားလာပါတယ်။ “စီနီယာ Song Seung Heon ကျေးဇူးတင်ပါတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်” ဆိုပြီး ရေးသားထားပါတယ်။

လက်ရှိ တောင်ကိုးရီးယားရဲ့ ပူအိုက်လွန်းတဲ့ ရာသီဥတုကြောင့် အလုပ်လုပ်ရတာ ပင်ပန်းနေကြပါတယ်။ မင်းသားကြီး Song Seung Heon ဟာ Hotel Del Luna ရိုက်ကွင်းက သရုပ်ဆောင်တွေ၊ ရိုက်ကူးရေး ဝန်ထမ်းတွေကို ကျန်းမာရေး ဂရုစိုက်ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ IU Fanclub ရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ အမှာစကားပါးလိုက်ပါတယ်။

အခုလို နာမည်ကြီးမင်းသားရဲ့ အားပေးမှုကို ခံနေရတဲ့ IU လေးကတော့ ဝမ်းသာနေမှာအမှန်ပါပဲ။

Ref:koreaboo

(ပိုပိုလေး)



Follow us on