1. Home
  2. Movie Stars - Celebrity

Blackpink နဲ့သာ သီချင်းအတူဆိုခွင့်ရမယ်ဆိုရင်မေ့လဲသွားနိုင်ကြောင်း ပြောပြလာတဲ့ Ariana Grande

Movie Stars - Celebrity ก.ค. 26, 2562 view 1,504

တောင်ကိုးရီးယားနာမည်ကျော် ကေပေါ့ပ်အဆိုတော်အဖွဲ့ Blackpink နဲ့ အမေရိကန်အဆိုတော် Ariana Grande တို့ဟာဆိုရင် ပြီးခဲ့တဲ့ ဧပြီမှာကျင်းပပြုလုပ်ခဲ့တဲ့ coachella ပြိုင်ပွဲကြီးမှာ တွေ့ဆုံရင်း ခင်မင်ရင်းနှီးခဲ့ကြတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်မှာ Ariana ဟာ ပရိတ်သတ်တွေနဲ့အတူ တွစ်တာအမေးအဖြေကဏ္ဍလေးတွေ ပြုလုပ်ခဲ့ပါတယ်။ ‘Blackpink နဲ့အတူ သီချင်းဆိုဖို့ အစီအစဉ်ရှိလား’ ဟုမေးမြန်းတဲ့အခါ Ariana တစ်ယောက် ဘယ်လိုတုန့်ပြန်လာတယ်ဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Ariana ရဲ့ တွစ်တာအကောင့်မှာ ပရိတ်သတ်များနဲ့ အမေးအဖြေကဏ္ဍ ပြုလုပ်တဲ့အခါမှာ ပရိတ်သတ်တစ်ဦးက Blackpink နဲ့အတူ သီချင်းဆိုဖို့ အစီအစဉ်ရှိမရှိမေးမြန်းခဲ့ပါတယ်။ အခုလို မေးမြန်းတာကို Ariana မှအောက်ပါအတိုင်း ဖြေကြားလာပါတယ်။

“ဒါပေါ့ မေ့တောင်လဲသွားနိုင်တယ်” ဆိုပြီး Blackpink နဲ့သာ သီချင်းဆိုခွင့်ရရင် ပျော်လွန်းလို့ မေ့လဲသွားနိုင်တယ်လို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။

Ariana Grande နဲ့ Blackpink အဖွဲ့ဝင်တို့ဟာ ပြီးခဲ့တဲ့ coachella 2019 မှာခင်မင်ရင်းနှီးခဲ့ကြပြီး Blackpink အဖွဲ့မှ Lisa ကိုရေမွှေးပုလင်း လက်ဆောင်ပေးခဲ့ပါသေးတယ်။ ချစ်ဖို့ကောင်းတဲ့ Ariana နဲ့ Blackpink တို့ရဲ့ဆက်ဆံရေးလေးတစ်ခုဖြစ်သလို မကြာခင်မှာ သီချင်းတွေ တူတူသီဆိုနိုင်တော့မယ်လို့ မျှော်လင့်မိပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 



Follow us on