1. Home
  2. Special or Others

Fast & Furious စတိုင်နဲ့ ရဲကားကို ရှောင်ပုန်းလိုက်တဲ့ ပြိုင်ကား (ရုပ်သံ)

Special or Others ก.ค. 26, 2562 view 1,931
စျေးအရမ်းကြီးတဲ့ ဇိမ်ခံ ဖရာရီးပြိုင်ကား အနီရောင်လေးဟာ ဟိုင်းဝေးလမ်းမပေါ်မှာ သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်လို့ သူ့နောက်ကနေ လိုက်ဖမ်းနေတဲ့ ရဲကားကို Fast & Furious ရုပ်ရှင်ဇာတ်ကားထဲကလို ကုန်တင်ကားကြီးတစ်စီးရဲ့ အောက်မှာ ဝင်ပုန်းပြီး အခြားလမ်းကြောင်းတစ်ခုကို ရှောင်ထွက်နိုင်ခဲ့တဲ့ ရုပ်သံ အွန်လိုင်းပေါ်မှာ နာမည်ကြီးပျံ့နှံ့နေပါတယ်။
 
 
ဒီရုပ်သံကို ဝင်ရောက်ကြည့်ရှုသူ သန်းနဲ့ချီရှိနေပြီး ပြန်လည်ဝေမျှတာတွေလည်း များပြားနေပါတယ်။ တစ်ကယ်တော့ ဒီရုပ်သံဟာ ကွန်ပျူတာ Animation နည်းပညာနဲ့ ပေါင်းစပ်ပြီး ပရိသတ်တွေကို ဖျော်ဖြေရုံသဘောသက်သက် တင်ဆက်ထားတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အတုဖြစ်ပါတယ်။
 
ပိရိသေသပ်လွန်းတာကြောင့် တစ်ကယ့်အဖြစ်ပျက်လို့ အားလုံးက ထင်နေခဲ့ကြတာဖြစ်ပါတယ်။ ဒီရုပ်သံကို ဂရပ်ဖစ်ဒီဇိုင်နာ Dionisis Sakas က ဖန်တီးထားတာဖြစ်ပါတယ်။ ရုပ်သံထဲမှာပါတဲ့ ပြိုင်ကားတွေအပြင် ကုန်တင်လော်ရီကားကပါ အစစ်မဟုတ်ဘူးဆိုရင် သူ့ရဲ့ လက်ရာကို အံ့သြသွားကြမယ်ထင်ပါတယ်။ ဒီရုပ်သံထဲကအတိုင်း လိုက်မလုပ်ကြဖို့ သတိပေးပါရစေ..။
 


Follow us on