1. Home
  2. Movie Stars - Celebrity

အမျိုးသမီးကိုမဖွယ်မရာပြုပြီးရဲကိုလာဘ်ထိုးခဲ့တယ်လို့ သံသယဝင်ခံနေရတဲ့ မစ်ကီယူချန်း

Movie Stars - Celebrity ก.ค. 30, 2562 view 1,540

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် အဆိုတော်၊ မင်းသားတစ်လက်ဖြစ်တဲ့ မစ်ကီယူချန်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က Marijuana အမည်ရတဲ့ မူးယစ်ဆေး သုံးစွဲမှုနဲ့ ထောင်ဒဏ်ချမှတ် ခံခဲ့ရတာပဲဖြစ်ပါတယ်။ မစ်ကီယူချန်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ မှာ အမျိုးသမီးတစ်ဦးကို ကလပ်မှာ လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တာကြောင့် အမှုရင်ဆိုင်ခဲ့ပါတယ်။ အဆိုပါအမှုမှာ ကွင်းလုံးကျွတ်သွားခဲ့ပြီး ဒီအမှုကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါမှာတော့ ပတ်ယူချန်းဟာ အမှုဖြစ်နေစဉ်အတောအတွင်း ရဲများနဲ့ ရင်းနှီးကျွမ်းဝင်နေတာကို သိရှိခဲ့ရပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ပတ်ယူချန်းဟာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ အမှုဖွင့်ခံရပြီးနောက် တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရပါတယ်။ ဇူလိုင် ၂၀၁၆ ၊ ဆိုးလ်မြို့နယ် တရားရုံးက ချမှတ်တဲ့အမိန့်အရ ဒီအမှုမှာ ယူချန်းဟာအပြစ်ကင်းစင်သူ တစ်ယောက်အဖြစ် လွတ်မြောက်လာပါတယ်။

ကိုးရီးယား သတင်းမီဒီယာများ ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်အတောအတွင်း ပတ်ယူချန်းရဲ့ နေအိမ်ကို ဆိုးမြို့နယ်ရဲစခန်းရှိ ရဲများ အဝင်အထွက်အသွားအလာ များပြားကြောင်း သိရှိရပါတယ်။ ပတ်ယူချန်းဟာ မန်နေဂျာကတစ်ဆင့် ရဲများနဲ့ ခင်မင်ရင်းနှီးခွင့်ရရှိပြီး နေအိမ်ကို ညစာစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဆိုပါ အချင်းအရာပြီးဆုံးပြီးနောက် ပတ်ယူချန်းတစ်ယောက် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကနေ အပြစ်ကင်းစင်သူအဖြစ် ကွင်းလုံးကျွတ်လွတ်မြောက်သွားခဲ့တာကြောင့် ရဲကို လာဘ်ထိုးခဲ့တယ်လို့ သံသယရှိခံနေရပါတယ်။

မစ်ကီယူချန်းဟာ ၂၀၁၆ မှာအမှုကနေ ကွင်းလုံးကျွတ်လွတ်မြောက်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ Marijuana မူးယစ်ဆေး သုံးစွဲမှုနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတာပဲဖြစ်ပါတယ်။

Ref:allkpop

(ပိုပိုလေး)

 



Follow us on