1. Home
  2. Movie Stars - Celebrity

Song စုံတွဲကွာရှင်းပြီးနောက် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများမှ စည်းကမ်းချက်အသစ်တစ်ခုထုတ်ပြန်

Movie Stars - Celebrity ก.ค. 31, 2562 view 1,645

တောင်ကိုးရီးယားနိုင်ငံရှိ နာမည်ကျော် တော့ပ်စတားစုံတွဲ ဆောင်းဟယ်ကျိုနဲ့ ဆောင်းဂျွန်ကီတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပါတယ်။ ထိုအချိန်တုန်းက ဆောင်းဂျွန်ကီ ပါဝင်သရုပ်ဆောင်ထားတဲ့ TvN နဲ့ Arthdal Chronicles ဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသနေတဲ့ အချိန်ဖြစ်ပါတယ်။ Song စုံတွဲ ကွာရှင်းပြတ်စဲတာနဲ့ ဇာတ်လမ်းတွဲ ဘယ်လို အဆက်အစပ်ရှိနေတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Arthdal Chronicles ဇာတ်လမ်းတွဲဟာ ဆောင်းဂျွန်ကီ Descendants of the sun ဇာတ်ကားရိုက်ကူးပြီး သုံးနှစ်အကြာမှာ ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲ စတင်ထုတ်လွှင့်နေစဉ်တုန်းက ကြည့်ရှုသူ အများအပြားရရှိထားပြီး ကုမ္ပဏီဘက်က အရှုံးပေါ်ခြင်းမျိုးမရှိခဲ့ပါဘူး။ သို့ပေမဲ့ ဆောင်းဂျွန်ကီတစ်ယောက် ဆောင်းဟယ်ကျိုနဲ့ ကွာရှင်း သတင်းကို ထုတ်ပြန်ကြေညာပြီးနောက် ဇာတ်လမ်းတွဲကြည့်ရှုသူနည်းပါးလာပြီး ကိုးရီးယားဝမ် ၅၀ ဘီလီယမ်(အမေရိကန်ဒေါ်လာ ၄၃ သန်း) တိတိ အရှုံးပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ဇာတ်လမ်းတွဲ ရိုက်ကူးထုတ်လွှင့်နေစဉ်အတောအတွင်း မင်းသား(သို့) မင်းသမီး ကွာရှင်းပြတ်စဲပါက လျော်ကြေးပေးဆောင်ရန် စည်းကမ်းချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

“ဆောင်းဟယ်ကျိုနဲ့ ဆောင်းဂျွန်ကီ မကွာရှင်းခင်မှာ ကျွန်တော်တို့ ရိုက်ကူးရေးကုမ္ပဏီတွေအနေနဲ့ ဒီလိုကိစ္စမျိုးတွေမှာ ပါဝင်ပတ်သတ်တာမျိုးတွေ မရှိခဲ့ပါဘူး။ ဒါပေမဲ့  Song စုံတွဲ ကွာရှင်းပြီးနောက်မှာတော့  နောက်နောင် စာချုပ်မှာ မဖြစ်မနေပါဝင်ရမယ့် စည်းကမ်းချက်အသစ်တစ်ခုကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အကယ်၍  သရုပ်ဆောင်ဟာ ဇာတ်လမ်းတွဲ ရိုက်ကူးထုတ်လွှင့်နေစဉ်အတောအတွင်း အိမ်ထောင်ဖက်နဲ့ ကွာရှင်းပြတ်စဲပါက စာချုပ်ပါ ငွေပမာဏထက် သုံးဆပြန်လည်ပေးလျော်ရမှာဖြစ်ပါတယ်။” ဆိုပြီး ရိုက်ကူးရေး ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးကပြောပြသွားပါတယ်။

ဆောင်းဂျွန်ကီ ပါဝင်သရုပ်ဆောင်ထားတဲ့ Arthdal Chronicles ဇာတ်ကားဟာ season 1 အထိ ကြည့်ရှုသူများပြားနေခဲ့ပြီး ကွာရှင်းပြတ်စဲမှု သတင်းပြီးနောက် season 2 ပြသတဲ့အချိန်မှာ ကြည့်ရှုသူ သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 



Follow us on