1. Home
  2. Movie Stars - Celebrity

ကိုယ်တိုင် သီချင်း မရေးနိုင်ဘူးလို့ ပြောလာတဲ့ ပရိတ်သတ်ကို ပညာသားပါပါ တုန့်ပြန်လိုက်တဲ့ Sunmi

Movie Stars - Celebrity ก.ค. 31, 2562 view 1,437

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Wonder Girls အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ Sunmi ဟာဆိုရင် လက်ရှိမှာ တစ်ကိုယ်တော်အဆိုတော်အဖြစ် အောင်မြင်ကျော်ကြားနေသူတစ်ဦးပဲဖြစ်ပါတယ်။ Full Moon, Siren, Gashina, Heroine သီချင်းတွေဟာဆိုရင် လူကြိုက်များတဲ့ Sunmi ရဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း၊ Sunmi ရဲ့ အင်စတာဂရမ်အကောင့်မှာ ပရိတ်သတ်တစ်ဦးက သီချင်းရေးတာနဲ့ ပတ်သတ်ပြီး Sunmi ကဘာမှ အရည်အချင်းမရှိကြောင်း၊ ဒါတွေအကုန်လုံးကို သီချင်းစာသားရေးသားသူသာ လုပ်ကိုင်တာဖြစ်ကြောင်း ရေးသားလာပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး Sunmi တစ်ယောက် ဘယ်လို တုန့်ပြန်လာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

“သီချင်းရဲ့ format က ဘယ်လိုပဲလာလာ သီချင်းတစ်ပုဒ်ဖန်တီးတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စရပ်တစ်ခုမဟုတ်ပါဘူး။ သီချင်းတစ်ပုဒ်ဖန်တီးဖို့ ပရိုဂျူဆာ၊ စာသား ရေးသားသူတွေ၊ အစရှိသဖြင့် လူအများကြီးရဲ့ အကူအညီတွေယူရပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်တဲ့သူမရှိရင်တော့ ဒီလူတွေက ဘာကို ကူညီပေးရမယ်ဆိုတာ သူတို့လဲ သိနိုင်မှာမဟုတ်ပါဘူး။ ခေါင်းဆောင်ဖြစ်တဲ့ ကျွန်မက ဘာကို ဘယ်လိုလုပ်ရမယ်၊ ပရိတ်သတ်ကို ဘယ်လိုခံစားချက်မျိုးပေးချင်တယ်၊ ဘယ်လိုသီချင်းမျိုး ချပြချင်တယ်ဆိုတာကို ဆုံးဖြတ်ရတာဖြစ်ပါတယ်။” ဆိုပြီး အင်စတာဂရမ်မှ တစ်ဆင့် ပရိတ်သတ်ကို ပညာသားပါပါ ပြန်လည်အသိပေးလိုက်ပါတယ်။

Sunmi ဟာ လှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အလျောက် အဆင်းသာရှိပြီး အချင်းမရှိတဲ့ လူတစ်ယောက်လို ပြောခံနေရတာကြောင့် ဒီလို တုန့်ပြန်လိုက်တာပဲဖြစ်ပါတယ်။ Sunmi မှမဟုတ် ကျန်ရှိတဲ့ idols အဆိုတော်တွေလဲ ဒီလိုပြောဆိုခံနေရတာကို Sunmi က “ကျွန်မ သီချင်းအယ်လ်ဘမ်တွေမှာ ကိုယ်ပိုင်ရေးသားထားတဲ့စာသား၊ တီးခတ်ထားတဲ့ သံစဉ်လို့လဲ မရေးထားသလို credits လဲ မပေးထားပါဘူး။ အကုန်လုံးက သူ့တာဝန်သူကျေကြပေမဲ့ ကျွန်မ ကိုယ်တိုင် ပြန်ပြင်ထားတာက အများဆုံးပါ။ ကျွန်မမှ မဟုတ်ပါဘူး ကျန်ရှိတဲ့ တခြား idols အဆိုတော်တွေလဲ ဒီလိုပါပဲ” ဟု ရေးသားပြောဆိုသွားပါတယ်။

Sunmi ပြောကြားချက်အရ idols အဆိုတော်တွေဟာ လူရှေ့ထွက်ပြပြီး ပြုံးပြရုံသာမဟုတ်ပဲ နောက်ကွယ်က ကိစ္စရပ်တွေကိုပါ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေရတာပါ။ လူအများအမြင်မှာတော့ ရုပ်ကိုသာ ပြစားနေတယ်လို့ ယူဆကြပေမယ့် အမှန်တကယ်မှာ အခက်အခဲကိုယ်စီနဲ့ဆိုတာ Sunmi က ပြောပြသွားတော့တာပါပဲ။

Ref:koreaboo

(ပိုပိုလေး)



Follow us on