1. Home
  2. Movie Stars - Celebrity

ခရီးဆောင်သေတ္တာထဲ့မှာ ဓါးဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရတဲ့ ဆယ်ကျော်သက် travel blogger

Movie Stars - Celebrity ก.ค. 31, 2562 view 1,720

ရုရှား နာမည်ကြီး ဆယ်ကျော်သက် travel blogger အမျိုးသမီးတစ်ဦးဟာ တိုက်ခန်းထဲ့မှာ ထိုးသွင်းဓါးဒဏ်ရာတွေနဲ့ ခရီးဆောင်သေတ္တာထဲ့မှာ အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ သူမဟာ ဆေးကျောင်းပြီးစ ဆရာမတစ်ဦးဖြစ်ပြီး travel blogger အဖြစ်လည်း အင်စတာဂရမ်ဝက်ဆိုက်မှာ ခရီးသွား ဓါတ်ပုံတွေနဲ့ စာတွေကို မျှဝေလေ့ရှိပါတယ်။ သူမရဲ့ အင်စတာဂရမ်မှာ Followers ၈၅ဝဝဝ ကျော် အားပေးတဲ့ သူတွေလည်း ရှိနေပါတယ်။

၂၄ နှစ် အရွယ် အီကာတရီးနားကာရာဂလာနိုဗာ စာမလာ အကြောင်းမပြန် အဆက်အသွယ်မလုပ်တာ ရက်အနည်းငယ်ရှိပြီမို့ သူမ မိဘတွေက စိတ်ပူပြီး ရှာဖွေခဲ့ရာ သူမငှားထားတဲ့ တိုက်ခန်းအတွင်းမှ ခရီးဆောင်သေတ္တာအတွင်းမှာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာကို မြင်တွေ့ ခဲ့ရပါတယ်။ ဒီအမူကို ရဲတွေက သူမကို မနာလို ရန်ရှာမှုနဲ့ အသတ်ခံရတာလို့ ယူဆနေကြပါတယ်။

ကာရာဂလာနိုဗာဟာ မကြာသေးခင်ကမှ အသက် ၅၂ နှစ်အရွယ် ရည်းစားသစ်တစ်ယောက် ရခဲ့ပြီး ချစ်သူနဲ့ သူမရဲ့ မွေးနေ့ ဇူလိုင် ၃ဝ ရက်နေ့မှာ နယ်သာလန်နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် မိဘတွေက သူ့ သမီးဆီမှ သတင်းမလာတာကြောင် စိတ်ပူခဲ့ပြီး သူသမီး ငှားထားတဲ့ အခန်းထဲ့ကို ရှာဖွေရာမှာ ခရီးဆောင်သေတ္တာ အတွင်းမှာ တွေ့ ရှိခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် သူမရဲ့ မိဘတွေဟာ ယူကျုံးမရဖြစ်ခဲ့ရပြီး ဝမ်းနည်းမျက်ရည် ကျခဲ့ရပါတယ်။

သက်ဆိုင်ရာ ရဲ အရာရှိတွေက စီစီတီဗီမှ တစ်ဆင့် ပြန်ကြည့်ခဲ့ပြီး ကာရာဂလာနိုဗာ၏ ရည်းစားဟောင်းလို့ ယူဆရတဲ့ အမျိုးသားတစ်ယောက် ဝင်ထွက်သွားလာနေတာကို တွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။

သူမဟာ မကြားသေခင်က မော်စကို ဆေးတက္ကသိုလ်မှ ဆေးကျောင်းပြီးတဲ့ ဆရာဝန်မလေးတစ်ဦးဖြစ်ပြီး Travel blogger အနေနဲ့ နိုင်ငံခြား ခရီးသွားတဲ့အကြောင်းအရာတွေ ၊ ပုံတွေကို အင်စတာဂရမ်မှာ တင်လေ့ရှိပါတယ်။သူမတင်တဲ့ အကြောင်းအရာတွေကို အားပေးသူတွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။

 



Follow us on