1. Home
  2. Movie Stars - Celebrity

ကာမစော်ကားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ သရုပ်ဆောင် Kang Sung Wook

Movie Stars - Celebrity ก.ค. 31, 2562 view 1,589

တောင်ကိုးရီးယားနိုင်ငံရှိ သရုပ်ဆောင်မင်းသားတစ်လက်ဖြစ်တဲ့ Kang Sung Wook ဟာ ဘားမှာရှိတဲ့ စားပွဲထိုးအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံလိုက်ရပြီပဲဖြစ်ပါတယ်။ Kang Sung Wook အပြစ်ကင်းစင်ကြောင်း ထောက်ခံပေးမယ့်သူ မရှိတာကြောင့် အခုလို ချက်ချင်း ထောင်ဒဏ်ချမှတ်လိုက်ကြောင်း MBN သတင်းဌာနမှာ ပြောကြားထားပါတယ်။ Kang Sung wook တစ်ယောက် အခုလို ထောင်ချခံရခြင်းအကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

MBN သတင်းဌာန ထုတ်ပြန်ကြေညာချက်အရ သရုပ်ဆောင် Kang Sung Wook ဟာ သူငယ်ချင်းနဲ့ ဘားကို သွားရောက်ခဲ့ပြီး ဘားရှိစားပွဲထိုး မိန်းကလေးကိုခေါ်ဆောင်သွားကာ ကာမကျူးလွန်ခဲ့ကြောင်း သိရှိရပါတယ်။

Kang Sung Wook အနေနဲ့ စားပွဲထိုးမိန်းကလေးဟာ သိုက်တူးသူတစ်ဦးဖြစ်ပြီး သူ့ကို ချောက်ချဖို့ ကြံစည်ထားကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ရဲစခန်းထုတ်ပြန်ချက်အရ အဆိုပါမိန်းကလေးဟာ သိုက်တူးသမားဖြစ်တယ်ဆိုတဲ့ သက်သေမျိုးမရှိသေးတာကြောင့် သရုပ်ဆောင် Kang Sung Wook ကို ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တာပဲဖြစ်ပါတယ်။

Kang Sung Wook ဟာ KBS, Channel A အစရှိတဲ့ နာမည်ကျော် ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသတဲ့ ပြဇာတ်တွေမှာ ပါဝင်သရုပ်ဆောင်သူတစ်ဦးပဲဖြစ်ပါတယ်။

Ref:koreaboo

(ပိုပိုလေး)



Follow us on