တစ်မူထူးခြားတဲ့ သူမရဲ့သွင်ပြင်လက္ခဏာကြောင့် အွန်လိုင်းဆိုရှယ်မီဒီယာသုံးစွဲသူတွေကြား နာမည်ကြီးခဲ့တဲ့ ထိုင်းအလှမယ်၊ Social Influencer တစ်ယောက်ဖြစ်သူ Mae Ya Sun Sun ဟာဆိုရင် ထိုင်းနိုင်ငံမှာ အရမ်းကိုအောင်မြင်ကျော်ကြားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်သလို Miss ပြိုင်ပွဲတွေမှာလည်း ဆုတွေများစွာကိုရရှိထားသူပါ။
ဆိုရှယ်မီဒီယာတစ်ခွင်မှာ ရေပန်းစားနာမည်ကြီးတဲ့ သူမကိုတော့ အိမ်နီချင်းနိုင်ငံကပရိသတ်တွေကပါ အခိုင်အမာဝန်းရံအားပေးကြသလို မြန်မာနိုင်ငံမှာလဲ သူမကိုအားပေးသူပရိသတ်မြောက်များစွာ ရှိလို့နေပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
Sun Sun ကတော့ ၂၀၁၈ ခုနှစ် ဇွန်လပိုင်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်ကာ အဆိုတော်ဟန်ထူးဈာန်ရဲ့ သီချင်းဗီဒီယိုတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ထိုအချိန်ကတည်းက မြန်မာပရိသတ်တွေနဲ့ရင်းနှီးထိတွေခဲ့တဲ့ Sun Sun ကတော့ ယခုလည်း ရုပ်ရှင်ကားကြီးတစ်ခုရိုက်ကူးဖို့ မြန်မာနိုင်ငံကိုရောက်ရှိနေတယ်လို့သိရပါတယ်။ Sun Sun ကတော့ မနေ့က ဇူလိုင်လ ၃၀ ရက် ည (၈) နာရီကျော်က မြန်မာနိုင်ငံကိုဒုတိယအကြိမ်မြောက် ထပ်မံရောက်ရှိလာတာဖြစ်ပြီး အဆိုတော်ဟန်ထူးဈာန်မှ လေဆိပ်မှာသွားရောက်ကြိုဆိုခဲ့တာဖြစ်ပါတယ်။
Maeya Sun Sun ဟာဆိုရင် သရုပ်ဆောင်မြင့်မြတ်နဲ့အတူ ရုပ်ရှင်ရိုက်ကူးဖို့အတွက် ကမ်းလှမ်းခံခဲ့ရတာဖြစ်ပြီး မြင့်မြတ်၊ တက္ကသိုလ်ဂွမ်းပုံတို့နဲ့အတူ ကလောဘက်မှာရုပ်ရှင်သွားရောက်ရိုက်ကူးရမှာဖြစ်တာကြောင့် အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားနေတယ်လို့လဲ ဆိုပါတယ်။ သူမပါဝင်သရုပ်ဆောင်ရမယ့် ကာရိုက်တာကို အတိအကျမသိသေးတဲ့အတွက်တော့ ဆွေးနွေးတိုင်ပင်ရဦးမှာဖြစ်ပြီး သုံးလေး ငါးရက်ကြာလောက် ဒီမှာရှိနေမယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဒီတစ်ခေါက်မှာလည်း မြန်မာဝတ်စုံလေးတွေကို ၀တ်ဆင်သွားဦးမှာဖြစ်ပြီး ဗိုလ်တစ်ထောင်ဘုရားနဲ့ ရွှေတိဂုံဘုရားကို ထပ်မံသွားရောက်ဖူးမြော်ဦးမယ်လို့သိရပါတယ်။ အခွင့်သာရင်လည်း သူမရဲ့မိခင်ကိုပါခေါ်ဆောင်ကာ ဘုရားတွေလိုက်ဖူးချင်ကြောင်းပြောသွားခဲ့ပါတယ်။
ပရိသတ်ကြီးအတွက် ထိုင်းအလှမယ် Maeya Sun Sun ရဲ့အလှပုံရိပ်တစ်ချို့ကိုပါမျှဝေပေးလိုက်ပါတယ်…
(ပိုပိုလေး)