1. Home
  2. Movie Stars - Celebrity

ဂီတအစီအစဉ်တစ်ခုမှာ အတူတကွပါဝင်တင်ဆက်သွားမယ့် Jung Hae In နဲ့ Kim Go Eun

Movie Stars - Celebrity ก.ค. 31, 2562 view 1,634

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် သရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ Jung Hae In နဲ့ Kim Go Eun တို့ဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ နာမည်ကျော် တေးဂီတအစီအစဉ်တစ်ခုမှာ အတူတကွ ပါဝင်တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ Jung Hae In ကိုတော့ မနဲ့မောင် ဇာတ်ကားတိုင်းမှာ ပရိတ်သတ်အချစ်တော် မောင်လေးတစ်ယောက်အဖြစ် အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ သရုပ်ဆောင် Kim Go Eun ကတော့ Goblin(မှင်စာ) ဇာတ်ကားထဲက မှင်စာရဲ့သတို့သမီး ဂျီအွန်းထက်လေးပဲဖြစ်ပါတယ်။ Jung Hae In နဲ့ Kim Go Eun တို့ နှစ်ယောက်သား တီဗွီအစီအစဉ်မှာ ပါဝင်ဖြစ်တဲ့အကြောင်းအရင်းနဲ့ ဘာကြောင့် အတူတကွလာရောက်ကြတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

သရုပ်ဆောင် Jung Hae In နဲ့ Kim Go Eun တို့ဟာ Tune In For Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Tune In For Love မှာ Kim Go Eun ကိုယ်တိုင် ဇာတ်ဝင်သီချင်းကို သီဆိုထားတာဖြစ်ပြီး သူမအသံက ပရိတ်သတ်ကို ဘယ်လိုခြွေချသွားတယ်ဆိုတာ သိရှိဖို့ ဗွီဒီယိုမှာ ဆက်လက်နားထောင် ကြည့်လိုက်ကြရအောင်။

Kim Go Eun နဲ့ Jung Hae In တို့ဟာ တောင်ကိုးရီးယား နာမည်ကျော် တီဗွီအစီအစဉ် Begin Again Season 3 မှာ ဧည့်သည်အဖြစ်ပါဝင်သွားမှာဖြစ်ပြီး အစီအစဉ်မှာ သူတို့နှစ်ဦးရဲ့ သီချင်းဆို စွမ်းရည်ကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

Begin Again တီဗွီအစီအစဉ်မှ ထုတ်ပြန်ကြေညာချက်>>

“Kim Go Eun နဲ့ Jung Hae In တို့ ကျွန်တော်တို့ တီဗွီအစီအစဉ်ကို လာရောက်ပါဝင်သွားမယ်ဆိုတာ အမှန်ပါပဲ။ ရိုက်ကူးရမယ့် ရက်အတိအကျနဲ့ ထုတ်လွှင့်မယ့်ရက် အတိအကျကိုတော့ အတည်ပြုထားခြင်းမရှိသေးပါဘူး” ဆိုပြီး ထုတ်ပြန်ကြေညာထားပါတယ်။

Kim Go Eun ဟာ Goblin ဇာတ်ကားမှာ မင်းသားကြီး Gong Yoo နဲ့ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဦးနဲ့ကလေးပုံစံ သရုပ်ဆောင်ထားတဲ့ ချစ်စရာကောင်မလေး အဖြစ်မြင်တွေ့နေကြပေမဲ့ Tune In For Love မှာတော့ မမအဖြစ် မြင်တွေ့ခွင့်ရမှာပဲဖြစ်ပါတယ်။ Kim Go Eun နဲ့ Jung Hae In တို့ရဲ့ မနဲ့မောင် ဇာတ်လမ်းကရော ဘယ်လိုဖြစ်မလဲ ဆိုတာ ပိုပိုလေးနဲ့အတူ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်။

Ref:koreaboo

(ပိုပိုလေး)

 

 



Follow us on