1. Home
  2. Movie Stars - Celebrity

အဆိုတော်ကောင်မလေးတစ်ဦးနဲ့ တွဲနေတယ်လို့ သတင်းထွက်နေတဲ့ လီဂျောင်ဆော့

Movie Stars - Celebrity ส.ค. 01, 2562 view 1,609

တောင်ကိုးရီးယားနိုင်ငံရှိ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ မင်းသားချော လီဂျောင်ဆော့ဟာဆိုရင် မိန်းကလေး idol group တစ်ခုဖြစ်တဲ့ Hello Venus အဖွဲ့ဝင်ဟောင်း Nara နဲ့ တွဲနေတယ်လို့ သတင်းများထွက်ရှိလို့နေပါတယ်။ လီဂျောင်ဆော့ဟာ Nara တစ်ယောက် Hello Venus အဖွဲ့မှ ထွက်ပြီး အေဂျင်စီ အကူးအပြောင်းတွေရှိတဲ့အခါ အများအပြားကူညီပေးခဲ့ကြောင်း အတွင်းလူတစ်ဦးမှလဲ မီဒီယာတွေကို ထုတ်ဖော်ပြောကြားလာပါတယ်။ အခုလို သတင်းထွက်ရှိလာတာကို လီဂျောင်ဆော့ရဲ့ အေဂျင်စီ A Man Project က ဘယ်လိုတုန့်ပြန်လာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Newsis သတင်းမီဒီယာပြောကြားချက်အရ လီဂျောင်ဆော့ဟာ Nara ကို Fatagio ကနေ A Man Project ကိုကူးပြောင်းဖို့ ကူညီခဲ့ကြောင်း သိရပါတယ်။ A Man Project ဆိုတာကတော့ လီဂျောင်ဆော့ကိုယ်တိုင် ဦးစီးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး မင်းသားဟာ ဒီနှစ်ပိုင်းမှာ Nara ကိုကူညီရင်းနဲ့ပဲ အချိန်ကုန်နေတယ်လို့ အတွင်းလူတစ်ဦး၏ ထုတ်ဖော်ပြောကြားချက်အရ သိရပါတယ်။

လီဂျောင်ဆော့ ကြိုက်နှစ်သက်တဲ့မိန်းကလေးပုံစံဟာ သူနဲ့အတူ Romance is a bonus book မှာ တွဲဖက်သရုပ်ဆောင်ဖူးတဲ့ သရုပ်ဆောင် လီနာယောင်းလိုပုံစံမျိုးပဲဖြစ်ပါတယ်။ Nara ဟာလဲ ပွဲဦးထွက်စဉ်ကာလတုန်းက လီနာယောင်းနဲ့ ရုပ်ချင်းဆင်တူတာကြောင့် လူသိများတဲ့ idol အဆိုတော် တစ်ဦးဖြစ်ခဲ့ပါတယ်။ “လီဂျောင်ဆော့ဟာ လီနာယောင်းရဲ့ fanboy အကြီးစား ဖြစ်တဲ့အလျောက် လီနာယောင်းနဲ့ ရုပ်ချင်းဆင်တူတဲ့ Nara ကို ကြိုက်မိတာ မဆန်းပါဘူး” ဆိုပြီး အတွင်းလူတစ်ဦးမှ ပြောပြလာပါတယ်။

လတ်တလော သတင်းထုတ်ပြန်ချက်အရ လီဂျောင်ဆော့နဲ့ Nara တို့ကို လီဂျောင်ဆော့ ဖွင့်လှစ်ထားတဲ့ 89 Mansion မှာ အတူတကွမြင်တွေ့ရကြောင်း သိရပါတယ်။ နောက်ထပ် အတွင်းလူတစ်ဦးပြောပြချက်အရ လီဂျောင်ဆော့ဟာ Nara  ကိုအရင်စိတ်ဝင်စားပြီး ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။ Nara ဟာ သူတို့အသိုင်းအဝိုင်းမှာ လီဂျောင်ဆော့ ကောင်မလေးအဖြစ် လူသိများလာတယ်ဆိုပြီး မီဒီယာကို ထုတ်ဖော်ပြောကြားသွားပါတယ်။

လီဂျောင်ဆော့နဲ့ Nara တွဲနေသည့် သတင်းကို A Man Project မှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလာပါတယ်။

“ဒီသတင်းကတော့ အမှားကြီးပါ။ သူတို့နှစ်ယောက်ကြားမှာ စီနီယာ၊ ဂျူနီယာဆက်ဆံရေး သဘောပဲရှိပါတယ်” ဆိုပြီး ကြေညာသွားပါတယ်။

A Man Project ကုမ္ပဏီဟာ လီဂျောင်ဆော့တစ်ဦးတည်းရပ်တည်နိုင်ဖို့ ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လပိုင်းမှာ လီဂျောင်ဆော့က Nara ကို ကုမ္ပဏီကို ဝင်ရောက်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ လက်ရှိမှာတော့ A Man Project မှာ အနုပညာရှင်ဆိုလို့ လီဂျောင်ဆော့နဲ့ Nara သာရှိပါတယ်။

လီဂျောင်ဆော့ဟာ ပြီးခဲ့တဲ့ မတ်လ ၈ရက်နေ့မှာ စတင်စစ်မှုထမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာ ပြည်သူ့ အမှုဆောင်အဖြစ် အမှုထမ်းနေတာပဲဖြစ်ပါတယ်။

Ref:allkpop

(ပိုပိုလေး)

 

 



Follow us on