တောင်ကိုးရီးယားနိုင်ငံက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းသားတွေထဲက တစ်လက်ဖြစ်တဲ့ သရုပ်ဆောင် Lee Seung Gi ဟာဆိုရင် မြန်မာပရိတ်သတ်တွေကြား ‘မြေခွေးမလေးကိုယ့်ချစ်သူ’ ဇာတ်လမ်းတွဲနဲ့ လူသိများခဲ့တဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ မြေခွေးကားနဲ့ လူသိများခဲ့တာကြောင့် ‘မြေခွေးမင်းသား’ လို့တောင် မြန်မာပရိတ်သတ်တွေက မှတ်ယူထားကြပါတယ်။ Lee Seung Gi ဟာ သြဂုတ်လရဲ့ ပထမဆုံးရက်မှာ သူ့ကိုယ်ပိုင် အင်စတာဂရမ်အကောင့်ကနေ ငယ်ဘဝရဲ့ပုံရိပ်တွေကို ဝေမျှခဲ့ပါတယ်။ Lee Seung Gi ဝေမျှလာတဲ့ ဓာတ်ပုံတွေက ဘယ်လိုပုံလေးတွေ ဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Lee Seung Gi ဟာဆိုရင် ချစ်ခင်နှစ်သက်တဲ့ပရိတ်သတ်တွေကြားမှာတင် နာမည်ကြီးတာမဟုတ်ပါဘူး။ Seung Gi ဟာ အနုပညာလောကက မင်းသမီးတွေကြားမှာ ရေပန်းစားတဲ့ မင်းသားတစ်လက်အဖြစ် နံပါတ်တစ်နေရာချိတ်ထားသူပါ။ နာမည်ကျော် မင်းသမီးတွေကတောင် ကြိုက်ရလောက်အောင် ပေါ်ပြူလာ ဖြစ်သူတစ်ဦးပါ။
Lee Seung Gi ဟာ သူ့ရဲ့ Visual နဲ့ လူမှုဆက်ဆံရေးမှာ ဟာသလေးတွေနှောပြီး ပြောတတ်တဲ့ အပြုံးမျက်နှာကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ဦး ဖြစ်လာတာပါပဲ။ Lee Seung Gi ဟာ အခုကြီးမှသာ ချောလာတာမဟုတ်ပဲ ငယ်ကတည်းက ချစ်ဖို့ကောင်းတဲ့ အမူအရာလေးတွေကို ပိုင်ဆိုင်ထားတယ်ဆိုတာ သူဝေမျှလိုက်တဲ့ ကလေးဘဝက ပုံရိပ်လေးတွေကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။
Lee Seung Gi ဟာ ဆာဂျရီလုပ်ထားခြင်း မရှိပဲ ငယ်ငယ်ကတည်းက လူချောလေးတစ်ယောက်ဆိုတာ သူ့ဓာတ်ပုံတွေကို ကြည့်ချင်းအားဖြင့် သိရှိနိုင်ပါတယ်။
Ref:koreaboo
(ပိုပိုလေး)