1. Home
  2. Movie Stars - Celebrity

အသစ်ထွက်ရှိတဲ့ အယ်လ်ဘမ်မှာ Blackpink မပါဝင်ဖြစ်တဲ့အကြောင်းကို ပြောပြလာတဲ့ DJ Snake

Movie Stars - Celebrity ส.ค. 01, 2562 view 1,483

Taki Taki, Turn Down For what, Let Me Love You, Lean On သီချင်းတို့ရဲ့ပိုင်ရှင် DJ Snake ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့မှာ Carte Blanche အမည်ရတဲ့ သီချင်းအယ်လ်ဘမ်အသစ်ထွက်ရှိခဲ့ပါတယ်။ Snake ဟာ အသစ်ထွက်ရှိမယ့် အယ်လ်ဘမ်မှာ Blackpink ပါဝင်စေရမယ်လို့ ကတိပေးခဲ့ပေမယ့် အယ်လ်ဘမ်ထွက်ရှိလာတဲ့အခါ Blackpink ဆိုထားတဲ့ သီချင်း တစ်ပုဒ်တစ်လေမျှမပါဝင်ခဲ့တာကြောင့် ပရိတ်သတ်တွေက အကြောင်းအရင်းကို သိချင်နေကြပါတယ်။ Blackpink မပါဝင်ဖြစ်တဲ့အကြောင်းအရင်းကို အင်စတာဂရမ်ကနေ မေးမြန်းခံရတဲ့အခါ Snake တစ်ယောက် ဘယ်လို တုန့်ပြန်လာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

DJ Snake ရဲ့ အယ်လ်ဘမ်အသစ်မှာ Blackpink မပါဝင်တာနဲ့ ပတ်သတ်ပြီး ပရိတ်သတ်တစ်ဦးက မေးမြန်းလာတဲ့အခါ Blackpink ဟာ schedule တွေနဲ့ မအားလပ်နိုင်တာကြောင့် ဒီအယ်လ်ဘမ်မှာ ပါဝင်သီဆိုဖို့ မဖြစ်နိုင်ကြောင်း ပြန်လည်ရှင်းပြထားပါတယ်။

Blackpink ဟာ ကမ္ဘာလှည့် ဖျော်ဖြေမှုများနဲ့ အလုပ်ရှုပ်နေခဲ့ပြီး လက်ရှိမှာလဲ ဂျပန်နိုင်ငံမှာ ပထမဦးဆုံး ဖျော်ဖြေပွဲပြုလုပ်ဖို့ အလုပ်ရှုပ်နေတာပဲဖြစ်ပါတယ်။ ဒီလိုတွေ ကမ္ဘာပတ် ဖျော်ဖြေနေရတာကြောင့် DJ Snake ရဲ့ သီချင်း အယ်လ်ဘမ်မှာ မပါလိုက်နိုင်တာပဲဖြစ်ပါတယ်။

Blackpink နဲ့ DJ Snake တို့ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ ပြုလုပ်ခဲ့တဲ့ Coachella 2019 မှာခင်မင်ရင်းနှီးခဲ့ကြတာဖြစ်ပြီး ပရိတ်သတ်များအနေနဲ့ သူတို့ရဲ့ collaboration ကိုမျှော်လင့်နေကြတာပါ။ အခုတော့ သီချင်းအတူမထွက်နိုင်သေးပေမဲ့ နောင်မှာ Blackpink နဲ့အတူ သီချင်းအတူ ထွက်ရှိလာနိုင်တာမို့ ပိုပိုလေးနဲ့အတူ စောင့်စားလိုက်ကြရအောင် ပရိတ်သတ်ကြီးရေ။

Ref:koreaboo

(ပိုပိုလေး)



Follow us on