1. Home
  2. Special or Others

MMA ဖိုက်တာကို စိန်ခေါ်တဲ့ YouTuber တစ်သက်စာ အမှတ်ရသွားခဲ့ (ရုပ်သံ)

Special or Others ส.ค. 02, 2562 view 1,870
တရုတ်ရိုးရာသိုင်းသမားတွေဟာ MMA လို့ခေါ်တဲ့ သိုင်းပေါင်းစုံကစားသမားတွေကို အထင်မကြီးပဲ စိန်ခေါ်ထိုးသတ်နေကြတာ အပွဲပွဲလဲရှိခဲ့ကြပါပြီ။ ပွဲတိုင်းမှာလည်း စက္ကန့်ပိုင်းအတွင်း အလဲထိုးခံလိုက်ရတာချည်းပါပဲ၊ ဒါပေမယ့် စိန်ခေါ်သူတွေသာ ပြောင်းသွားတယ် ရိုးရာသိုင်းပညာဟာ MMA ထက် သာတယ်ဆိုတဲ့ ခံယူချက်ကတော့ ပြောင်းလဲမသွားသေးပါဘူး။
 
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ထိုင်ဝမ် YouTube ဘလောက်ဂါ Yu Chao-lin  ဆိုသူက MMA ကစားသမား Holger Chen ကို စိန်ခေါ်ပြီး လှောင်အိမ်ထဲမှာ ထိုးသတ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ တရုတ်နိုင်ငံမှာရှိတဲ့ MMA အားကစားရုံတစ်ခုမှာ ချိန်းဆိုခဲ့ကြပြီး စာချုပ်စာတမ်းနဲ့ သဘောတူပြီးမှ ထိုးသတ်ခဲ့တာဖြစ်ပါတယ်။
 
 
MMA ကစားသမာတွေဟာ (Mix Martial Arts) ဆိုတဲ့အတိုင်း ကိုယ်ခံပညာတစ်မျိုးထဲကို ဆုပ်ကိုင်ပြီး ယှဉ်ပြိုင်ကြသူတွေမဟုတ်ပါဘူး။ ကိုယ်ခံပညာတစ်ခုကို ခိုင်ခိုင်မာမာအခြေပြုပြီ နောက်ထပ် ကိုယ်ခံပညာနှစ်မျိုးလောက် အနည်းဆုံး လေ့ကျင့်သင်ကြားထားကြသူတွေဖြစ်ပါတယ်။
 
 
ပွဲမစမီမှာ ဒိုင်လူကြီးလုပ်သူက တရုတ်သိုင်းနဲ့ ယှဉ်ပြိုင်မယ့် Yu Chao-lin  ကို စည်းမျဉ်းစည်းကမ်းတွေ ဒဏ်ရာအနာတရရှိနိုင်မှုတွေကို သေချာရှင်းပြပြီး ယှဉ်ပြိုင်မှာ သေချာလားလို့ ၃ ကြိမ် ၃ ခါ မေးမြန်းခဲ့ပါတယ်။ အဲဒီအချိန်မှာ MMA ကစားကမား Holger Chen က လှောင်အိမ်ရဲ့ထောင့်တစ်နေရာမှာ အေးအေးလူလူပဲထိုင်နေပါတယ်။
 
 
Yu Chao-lin ကို လေ့ကျင့်ရာမှာ ကာကွယ်ဖို့သုံးတဲ့ ခေါင်းစွပ်တွေ၊ ခန္ဓာကိုယ်ချပ်ဝပ်တွေ ဝတ်ဆင်စေပြီးမှ တိုက်ခိုက်စေပါတယ်။ စပြိုင်လို့ရပြီလို့ ဒိုင်လူကြီးက လွှတ်ပေးလိုက်ချိန်မှာ Yu Chao-lin က ဟန်ရေးပြနေပြီး Holger Chen ကတော့ ထောင့်မှာပဲ မတ်တပ်ရပ်နေခဲ့ပါတယ်။ အဲဒီနောက် Holger Chen က လာထိုးကွာလို့ ပြောလိုက်တယ် ဆိုရင်ပဲ Yu Chao-lin က ဘရုစလီ လို အော်သံနဲ့အတူ တရပ်စပ်ဝင်လာပြီး ထိုးပါတော့တယ်။
 
 
Holger Chen က ဘာမှ ကာကွယ်မှုလဲမလုပ်ပဲ တောင့်တောင့်ကြီး အထိုးခံနေပါတယ်။ Yu Chao-lin ထို့လို့ မောပြီးရပ်သွားမှ Holger Chen က ခြေနဲ့ နှစ်ချက်သုံးချက် အောက်ပိုင်းကို ကန်လိုက်ရာ Yu Chao-lin ပုံရက်သားလဲကျသွားခဲ့ပါတယ်။ ပြန်ထလာပေမယ့် ဘာမှ မလုပ်နိုင်တော့ပါဘူး Holger Chen ကလည်း အောက်ပိုင်းကို တောက်လျှောက်ကန်ခဲ့ရာမှာ ထပ်ခါထပ်ခါ လဲကျသွားတာကိုတွေ့ရပါတယ်။
 
 
ကစားပွဲဟာ တစ်ကယ့်ကို ကလေးနဲ့ လူကြီး ထိုးနေကြသလိုပါပဲ။ နောက်ဆုံးတော့ Holger Chen က ဆက်မကန်တော့သလို Yu Chao-lin လဲ ပြန်ထ မလာနိုင်တော့ပါဘူး။ ခြေတွေလက်တွေ အတော်လေးနာကျင်နေတာကို ရုပ်သံမှာ တွေ့ရပါတယ်။
 
တရုတ်ရိုးရာသိုင်းပညာက MMA ကို အနိုင်တိုက်နိုင်တယ်ဆိုတဲ့ အစွဲကတော့ Yu Chao-lin ဆီကနေ ကျွတ်သွားမှာ အမှန်ပါပဲ။ လက်ရှိ ကိုယ်ခံပညာကစားနည်းတွေထဲမှာတော့ MMA ကို MMA နဲ့သာ ယှဉ်ပြိုင်နိုင်ပြီး အခြားမည်သည့်ကိုယ်ခံပညာမှ အနိုင်မယူနိုင်သေးပါဘူး။

 



Follow us on