1. Home
  2. Movie Stars - Celebrity

OCN Drama ရဲ့ဇာတ်လမ်းတွဲအသစ်မှာသွားဆရာဝန်အဖြစ် မြင်တွေ့ရမယ့် Lee Dong Wook

Movie Stars - Celebrity ส.ค. 02, 2562 view 1,809

တောင်ကိုးရီးယားနိုင်ငံရှိ ဦးလေးကြီးမင်းသားတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ သရုပ်ဆောင် Lee Dong Wook ဟာ ဒီလကုန် OCN Drama မှာ ထုတ်လွှင့်ပြသသွားမယ့် ဇာတ်လမ်းတွဲအသစ်မှာပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းတွဲနာမည်ကတော့ Hell Is Other People ဖြစ်ပြီး နာမည်ကျော် ရုပ်ပြကာတွန်းကို ပြန်လည်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ သရုပ်ဆောင် Lee Dong Wook တစ်ယောက် သွားဆရာဝန် အဖြစ် ဘယ်လို စိတ်ဝင်စားဖွယ်သရုပ်ဆောင်သွားမယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Lee Dong Wook ဟာသွားဆရာဝန် Seo Moon Jo နေရာမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဒီကာရိုက်တာကတော့ မူရင်း ရုပ်ပြကာတွန်းမှာ မပါဘူးလို့သိရပါတယ်။ Lee Dong Wook တစ်ယောက် သွားဆရာဝန်တစ်ယောက်အနေနဲ့ ဘယ်လို စိတ်ဝင်စားဖွယ် သရုပ်ဆောင်ထားတယ်ဆိုတာ ဗွီဒီယိုမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

ဒီဇာတ်ကားရဲ့ အဓိက ဇာတ်လိုက်အဖြစ် Siwan က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ထူးဆန်းတဲ့ အဆောင်မှာ ငှားနေမိရင်းက လူထူးလူဆန်းတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရပုံကို ရိုက်ကူးတင်ဆက်သွားမှာဖြစ်ပါတယ်။

Hell is other people ဇာတ်လမ်းတွဲကို ၈ လပိုင်း ၃၁ ရက်နေ့မှာ OCN ရုပ်သံလိုင်းမှ စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ အမြဲတမ်းလိုလို ရိုမန်တစ်ဆန်တဲ့ ဇာတ်ကားတွေသာ ရိုက်ကူးလေ့ရှိတဲ့ ဦးလေးကြီးကို ဒီဇာတ်ကားမှာ စိတ်တ္တဇဆန်ဆန် ပုံရိပ်မျိုးနဲ့ မြင်တွေ့ရမှာမို့ မဖြစ်မနေကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။

Ref:allkpop

(ပိုပိုလေး)



Follow us on