1. Home
  2. Movie Stars - Celebrity

Kang Daniel နဲ့ Twice အဖွဲ့ခေါင်းဆောင် Ji Hyo တို့ Date နေပြီဖြစ်ကြောင်း Dispatch မှ ထုတ်ပြန်ကြေညာ

Movie Stars - Celebrity ส.ค. 05, 2562 view 1,650

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop idol တစ်ဦးဖြစ်တဲ့ Kang Daniel ဟာ Twice အဖွဲ့ခေါင်းဆောင် Jihyo နဲ့ Date နေပြီဖြစ်ကြောင်း  Disptach media မှ ဓာတ်ပုံများနဲ့အတူ ချပြလိုက်ပါပြီ။ လက်ရှိမှာ နှစ်ဦးနှစ်ဖက် အေဂျင်စီများကလဲ သူတို့နှစ်ဦး အမှန်အကန် တွဲနေပြီဖြစ်ကြောင်း အတည်ပြုပေးလိုက်ပြီပဲဖြစ်ပါတယ်။ Kang Daniel နဲ့ Twice အဖွဲ့ခေါင်းဆောင် Jihyo တို့ ဘယ်လို ဆုံတွေ့ခဲ့ကြပြီး ချစ်ကြိုးသွယ်ခဲ့ကြတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Kang Daniel နဲ့ Jihyo တို့နှစ်ဦးဟာ entertainment နယ်ပယ်မှာစီနီယာတစ်ဦးရဲ့ မိတ်ဆက်ပေးမှုကြောင့် သိကျွမ်းခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ဒီနှစ်အစပိုင်းလောက်မှာ စတင်တွဲခဲ့ကြတာဖြစ်ပြီး Hannam Dong မှာ ရှိတဲ့ Daniel ရဲ့ နေအိမ်မှာ အမြဲလိုလို တွေ့ဖြစ်ကြတာပဲဖြစ်ပါတယ်။

နှစ်ယောက်လုံးဟာ နာမည်ကြီးတာကြောင့် အလုပ်ရှုပ်ကြသူတွေချည်းပေမဲ့ တစ်ပတ်မှာ တစ်ရက်တော့ Kang Daniel နေအိမ်မှာ တွေ့ဖြစ်ကြောင်း Dispath မှ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ Twice ကလဲ world tour (ကမ္ဘာလှည့်ဖျော်ဖြေမှုတွေ) နဲ့ အလုပ်ရှုပ်နေပြီး Kang Daniel ကလဲ တစ်ကိုယ်တော် အယ်လ်ဘမ်အတွက် ပြင်ဆင်နေရတာကြောင့် တွေ့ဆုံဖို့ အချိန်မပေးနိုင်ကြပေမဲ့ တစ်ပတ်မှာ တစ်ခါတော့ တွေ့ဖြစ်ကြတာကို Dispath မှ ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ကြေညာထားပါတယ်။

Ref:allkpop

(ပိုပိုလေး)

 



Follow us on