1. Home
  2. Movie Stars - Celebrity

Seo Kang Joon နဲ့ Park Min Young တို့ပါဝင်သရုပ်ဆောင်သွားမယ့် ရိုမန်တစ်ဇာတ်လမ်းတွဲအသစ်

Movie Stars - Celebrity ส.ค. 06, 2562 view 1,780

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းသားချော Seo Kang Joon နဲ့ ဘယ်မင်းသားနဲ့မဆို လိုက်ဖက်ညီမှုရှိပြီး မြန်မာပရိတ်သတ်တွေ ‘အတွင်းရေးမှူးကင်’ လို့သိကြတဲ့ မင်းသမီးချောလေး Park Min Young တို့ပါဝင်တဲ့ ဇာတ်လမ်းတွဲကို JTBC ရုပ်သံလိုင်းမှ ရိုက်ကူးတင်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရောင်းအားအကောင်းဆုံး ဝတ္ထုစာအုပ်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးမယ့် ရိုမန်တစ်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Seo Kang Joon နဲ့ Park Min Young တို့ ဘယ်လို နေရာမျိုးကပါဝင်သရုပ်ဆောင်သွားမယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

I’ll come by when the weather’s good အမည်ရတဲ့ ဇာတ်လမ်းတွဲမှာ Seo Kang Joon က စာအုပ်ဆိုင်ပိုင်ရှင် Eunseob အဖြစ်ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ပြီး Park Min Young ကတော့ ပန်းချီသင်တန်း ဆရာမ Hye won အဖြစ်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲအတွက် Park Min Young နဲ့ Seo Kang Joon တို့နှစ်ဦးကို production team မှ ကမ်းလှမ်းခဲ့ပြီး နှစ်ယောက်လုံးရဲ့ အေဂျင်စီက လက်ခံလောက်မယ့် အလားအလာ ရှိကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။

I’ll come by when the weather’s good ဇာတ်လမ်းတွဲကို လာမယ့် ဖေဖော်ဝါရီ ၂၀၂၀၊ JTBC ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသဖို့ လျာထားကြောင်းသိရပါတယ်။

Ref:allkpop

(ပိုပိုလေး)

 



Follow us on