1. Home
  2. Movie Stars - Celebrity

Jung Ji Hyun, Gong Yoo တို့ရဲ့ မန်နေဂျာပါလို့ပြောပြီး ငွေကြေးလိမ်လည်သူထောင်ချဖမ်းဆီးခံရ

Movie Stars - Celebrity ส.ค. 07, 2562 view 1,506

Mr.Kim အမည်ရတဲ့ လူတစ်ယောက်ဟာ နာမည်ကျော်မင်းသား၊ မင်းသမီးတွေရှိတဲ့ အေဂျင်စီ တစ်ခုမှာ အလုပ်လုပ်တယ်ဆိုပြီးငွေကြေးများလိမ်လည်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ မှာ Mr.Kim ဟာ ချမ်းသာတဲ့ မိသားစုကဆင်းသက်လာတဲ့သူတစ်ဦးကို သရုပ်ဆောင်ဖြစ်အောင်လုပ်ပေးမယ်ပြောပြီး ငွေကြေးများလိမ်လည် ယူဆောင်ခဲ့ပါတယ်။ သူဟာ Jung Ji Hyun , Gong Yoo တို့ရဲ့ မန်နေဂျာဖြစ်ဖူးခဲ့ပြီး တခြား နာမည်ကြီးသရုပ်ဆောင်တွေရဲ့ မန်နေဂျာလုပ်ဖူးတယ်ဆိုပြီး ပြောကြားခဲ့ပါသေးတယ်။ Mr.Kim ရဲ့ အကြောင်းစုံကို သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

နာမည်ကျော်တော့ပ်စတားတွေရဲ့ မန်နေဂျာဖြစ်ဖူးတဲ့ Mr.Kim အကြောင်း စုံစမ်းကြည့်တဲ့အခါမှာ Kim ဟာ မင်းသား၊မင်းသမီးအများစုရဲ့ ယာဉ်မောင်းသာဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။

ဒါပေမဲ့ Kim ကတော့ တော့ပ်စတားများဖြစ်တဲ့ Jun Ji Hyun, Gong Yoo တို့အပြင် Jo In Sung, Hwang Jung Min တို့ရဲ့ မန်နေဂျာဖြစ်ခဲ့ဖူးတယ်လို့ ပြောပြီးငွေကြေးလိမ်လည်ခဲ့ပါတယ်။ Mr.Kim ဟာ လူချမ်းသာမိသားစုမှ သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့ သမီးဖြစ်သူကို နာမည်ကျော်သရုပ်ဆောင်ဖြစ်အောင် လုပ်ပေးမယ်လို့ ပြောဆိုကာ ကိုးရီးယားဝမ် သန်း ၆၂၀ ကို လိမ်လည်ခဲ့ပါတယ်။ အဆိုပါ ငွေကြေးပမာဏကို နေ၊စားစရိတ် အဖြစ်သုံးပြီး အကြွေးများကိုပေးချေခဲ့ကြောင်း သိရပါတယ်။

Mr.Kim ဟာသုံးနှစ်ကျော်ကြာတဲ့အထိငွေကြေးများကို လိမ်ယူခဲ့ပြီး တစ်ဖက်မိသားစုက သမီးဖြစ်သူ မင်းသမီးဖြစ်မလာတာကြောင့် Kim ကို လိမ်လည်မှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။ လက်ရှိမှာ Mr.Kim ဟာ လိမ်လည်ထားတဲ့ ငွေကြေးပမာဏထဲက ဝမ်သန်း(၇၀) ကိုပြန်လည်ပေးအပ်ခဲ့ပြီး တရားရုံးမှ Mr.Kim ကို ထိန်းသိမ်းရေးစခန်းမှာ (၁၀)နှစ်အပြင် ထောင်ဒဏ်(၂) နှစ် တိတိ အပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ နာမည်ကျော် အနုပညာရှင်တွေအနေနဲ့ နာမည်ကြီးလာတာနဲ့အမျှ မိမိတို့နာမည်ကို အလွဲသုံးစားအလုပ်ခံရတာကြောင့် သတိထားနေသင့်တာပါပဲ။

Ref:koreaboo

(ပိုပိုလေး)

 

 

 

 



Follow us on