1. Home
  2. Movie Stars - Celebrity

အလန်းစားပြကွက်တွေနဲ့ Blackpink ရဲ့ KIA×Stinger ကားကြော်ငြာ

Movie Stars - Celebrity ส.ค. 07, 2562 view 1,799

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Blackpink ဟာဆိုရင် အရှေ့အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေအထိပါ ပေါက်မြောက်အောင်မြင်လာတာပဲဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ထူးခြားတဲ့ talents တွေကြောင့် လူငယ်များအကြား Blackpink ဆိုပြီး ဟိုးလေးတကြော်ကြော် နာမည်ကြီးရေပန်းစားနေခဲ့တာပါ။ Blackpink ဟာ 2019 In your area world tour အတွက် Kia Stinger ကားကုမ္ပဏီရဲ့ စပွန်ဆာကိုရရှိခဲ့ပါတယ်။ Kia ဆိုတာကတော့ တောင်ကိုးရီးယားမှာရှိတဲ့ ဒုတိယအကြီးဆုံး ကားကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ အသစ်ထွက်ရှိလာတဲ့ KIA ကားမော်ဒယ် အသစ်တွေကို Blackpink က ဘယ်လို ပရော်ဖက်ရှင်နယ်ကျကျ ကြော်ငြာသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Blackpink အဖွဲ့ဝင်တွေဟာ ငယ်စဉ်ကတည်းက YG Entertainment မှာ လေ့ကျင့်ရေးသင်တန်းသားအဖြစ် ထရိန်နင်ဆင်းခဲ့ရပြီး modelling ပညာရပ်ကိုပါ သင်ကြားခဲ့ရပါတယ်။ အဖွဲ့ဝင်တစ်ဦးချင်းစီဟာ Dance နဲ့ vocal, rap တို့သာမက modelling မှာပါ ကျွမ်းကျင်တာကြောင့် ဖက်ရှင်နဲ့ ကြော်ငြာရိုက်ကူးရေးတွေမှာ ပရိုကျကျ ရိုက်ကူးနိုင်ကြတာဖြစ်ပါတယ်။

YG ဟာ Blackpink In Your Area 2019 အတွက် နာမည်ကျော်ကားကုမ္ပဏီဖြစ်တဲ့ KIA Stinger နဲ့အတူ Partership ရရှိခဲ့ပြီး Blackpink အနေနဲ့ KIA အတွက် ရိုက်ကူးထားတဲ့ ကြော်ငြာဗွီဒီယိုကို ထုတ်ပေးခဲ့ပါတယ်။ အချောလေးတို့ ဘယ်လို ပရိုကျကျ သရုပ်ဆောင်သွားတယ်ဆိုတာ သိရှိဖို့ ဗွီဒီယိုမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်>>

Ref: Blackpink Youtube Channel

(ပိုပိုလေး)

 



Follow us on