1. Home
  2. Movie Stars - Celebrity

ယောင်္ကျားလေး ဟန်ဆောင်ထားတဲ့ ကာရိုက်တာနဲ့အလိုက်ဖက်ဆုံး ကိုးရီးယား မင်းသမီးများ

Movie Stars - Celebrity ส.ค. 08, 2562 view 2,393

၂၀၀၀ ခုနှစ်တွေကတည်းက ကိုးရီးယားဇာတ်လမ်းတွဲတွေဟာ မြန်မာပရိတ်သတ်တွေနဲ့ သိပ်မစိမ်းခဲ့ပါဘူး။ ဒီနှစ်တွေထဲ ကိုးရီးယားဇာတ်လမ်းတွဲတွေမှာ မင်းသမီးက ယောင်္ကျားလေးလို ဟန်ဆောင်ထားတဲ့ ပုံစံမျိုးတွေကို ပရိတ်သတ်တော်တော်များများ အကြိုက်တွေ့ခဲ့ကြပါတယ်။ ဇာတ်လမ်းတွဲတွေထဲက ဘယ်သူတွေက ယောင်္ကျားလေးပုံစံအတိုင်း သရုပ်ဆောင်တဲ့အခါ အလိုက်ဖက်ဆုံးလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Yoon Eun Hye(Coffee Prince 2007)

မြန်မာပရိတ်သတ်တွေ ‘ကော်ဖီချစ်သူ’ လို့ သိကြတဲ့ coffee prince ဇာတ်လမ်းတွဲဟာဆိုရင် ပရိတ်သတ် တော်တော်များများ အကြိုက်တွေ့ခဲ့ကြပါတယ်။ ဒီဇာတ်ကားထဲက မင်းသမီး Yoon Eun Hye ကို ယောင်္ကျားလေးတစ်ယောက်ပုံစံပေါက်အောင် ပြင်ဆင်ပေးထားပြီး အမှန်တကယ် ယောင်္ကျားလေးတစ်ယောက်လို့တောင် ထင်မှတ်ရစေပါတယ်။

Park Shin Hye (You’re beautiful 2009)

You’re beautiful ဟာ Park Shin Hye ကိုပရိတ်သတ်တွေ သတိထားမိစေတဲ့ ဇာတ်ကားတစ်ကားပါပဲ။ အမြွှာအစ်ကိုက ရုတ်တရက်သီချင်းဆိုခွင့်မရတော့တာကြောင့် သီလရှင်ဝတ်ထားရာက ယောင်္ကျားလေး ဟန်ဆောင်ပြီး အဆိုတော်လုပ်ခဲ့ရတဲ့ ကောင်မလေးအကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

Sulli (To The Beautiful You 2012)

သူတစ်ဖတ်သတ်ချစ်ရတဲ့ အမြင့်ခုန်အားကစားသမားလေးကို တွေ့ဆုံဖို့ အမေရိက ကနေ ပြန်လာတဲ့ ကောင်မလေး တစ်ယောက်အဖြစ် Sulli ကပါဝင်သရုပ်ဆောင်ထားပါတယ်။ အမြင့်ခုန် အားကစားသမားတက်တဲ့ကျောင်းဟာ ယောင်္ကျားလေးကျောင်းဖြစ်နေတာကြောင့် အရဲစွန့်ကာ ယောင်္ကျားလေးဟန်ဆောင်ပြီး ကျောင်းတက်ခဲ့တဲ့ ကောင်မလေး ဂူဂျယ်ဟီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

Kim Yoo Jung (Moonlight drawns by cloud 2016)

Moonlight drawns by cloud ဇာတ်ကားဟာဆိုရင်ဖြင့် ကလေးသရုပ်ဆောင် Kim Yoo Jung ပထမဆုံး အဓိကဇာတ်ဆောင်အဖြစ် ပြန်လည်ရိုက်ကူးတဲ့ ကားပဲဖြစ်ပါတယ်။ ဒီကားမှာ Yoo Jung ဟာ နန်းတွင်းထဲကို ဝင်ရောက်နိုင်ဖို့ ကုန်းကုန်း(မိန်းမစိုး) အဖြစ်ဟန်ဆောင်ထားရတဲ့ ကာရိုက်တာက ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

(ပိုပိုလေး)

 



Follow us on