1. Home
  2. Movie Stars - Celebrity

ပရိတ်သတ်တွေ စိတ်ပူနေကြတဲ့ Park Seo Joon ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ

Movie Stars - Celebrity ส.ค. 08, 2562 view 1,570

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ Park Seo Joon အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်တဲ့ The Divine Fury ရုပ်ရှင်ကားကြီး press conference ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပွဲကို သွားရောက်တဲ့ ပရိတ်သတ်တစ်ဦးက Park Seo Joon နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို သူမရဲ့ အင်စတာဂရမ်အကောင့်မှာတင်ခဲ့ပါတယ်။ ခပ်တောင့်တောင့် ဘော်ဒီအချိုးအစားကိုပိုင်ဆိုင်ထားတဲ့ Park Seo Joon ဘယ်လောက်ထိ ပိန်သွားတယ်ဆိုတာ သိရှိဖို့ ဆက်လက် ကြည့်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Park Seo Joon ဟာ လတ်တလော ရုံတင်ပြသနေတဲ့ Divine Fury မှာ MMA Fighter အဖြစ်ပါဝင်သရုပ်ဆောင်ရတာဖြစ်ပြီး ဒီဇာတ်ကားရိုက်ကူးဖို့အတွက် ခန္ဓာကိုယ်ကြီးသထက်ကြီးအောင် အားကစားလေ့ကျင့်ခန်းတွေ အများအပြားပြုလုပ်ခဲ့ရတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ မှာ ပရိတ်သတ်တစ်ဦးတင်ခဲ့တဲ့ ဓာတ်ပုံအရ Park Seo Joon ဇာတ်ကားထဲနဲ့ ကွာခြားလွန်းလောက်အောင် ပိန်ပါးနေတာကို တွေ့ရမှာပါ။ Park Seo Joon တစ်ယောက် အခုလို ရုတ်တရက် ပိန်ကျသွားတာကို ပရိတ်သတ်အများအပြားစိတ်ပူနေကြပါတယ်။

“ဘာလို့ သူအရမ်းပိန်သွားတာလဲ” ပရိတ်သတ်တစ်ဦးက သူမ ဓာတ်ပုံအောက်မှာ မေးလိုက်ပါတယ်။

“သူ လတ်တလော ဝိတ်ချနေတယ်ပြောတယ်” ဆိုပြီး Park Seo Joon နဲ့ ဓာတ်ပုံရိုက်ထားသူ မိန်းကလေးက ပြန်လည်ဖြေကြားထားပါတယ်။

အချို့ကတော့ Park Seo Joon ပါဝင်တဲ့ ဓာတ်ပုံဟာ effect နဲ့ ပြင်ထားတာကြောင့် ပိန်သယောင် ထင်သွားရကြောင်း ပြောကြပြီး ပရိတ်သတ်များကတော့ Park Seo Joon ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကို စိုးရိမ်ပူပန်နေကြပါတယ်။

Ref:allkpop

(ပိုပိုလေး)



Follow us on