တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော် အဖွဲ့ Blackpink ဟာဆိုရင် ပွဲဦးထွက်ပြီး သုံးနှစ်အတွင်းမှာ ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်အများအပြားရရှိထားပြီပဲဖြစ်ပါတယ်။ Blackpink မှ အဖွဲ့ဝင် Jennie ဟာဆိုရင် သီချင်းဗွီဒီယိုတွေမှာ ခပ်မိုက်မိုက် အထာကျကျ ပုံစံဖြစ်နေပေမယ့် တကယ့်ပြင်ပမှာကျ အင်မတန်မှ ချစ်စရာကောင်းတဲ့ ကောင်မလေးဆိုတာ သူမသွားတဲ့ variety shows တွေကိုကြည့်ဖူးသူတိုင်းသိမှာပါ။ ချစ်ဖို့ကောင်းတဲ့ Jennie ကို ပရိတ်သတ်တွေက ဘာကြောင့် ‘ဖက်ထုပ်လေး’ လို့ နာမည်ပေးတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Jennie ကို ပရိတ်သတ်တွေက သူမရဲ့ ချစ်ဖို့ကောင်းတဲ့ ပါးမို့မို့လေးကြောင့် ‘ဖက်ထုပ်လေး’ လို့နာမည်ပေးထားတာဖြစ်ပါတယ်။ ကိုးရီးယားဖက်ထုပ်နဲ့ တူတဲ့ သူမရဲ့ ပါးဖောင်းဖောင်းလေးကို ကြွေနေရသူတွေကတော့ blinks လေးတွေပါ။
ကိုးရီးယားလို ဖက်ထုပ်ကို Mandu(မန်ဒူး) လို့ခေါ်ပြီး Jennie ကို ကိုးရီးယား ပရိတ်သတ်တွေက Mandu Jennie ဆိုပြီး ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။
ဒါပေမဲ့ Jennie ကတော့ သူမကို ဒီလို nickname ပေးထားတာကို မကြိုက်ပါဘူး။ “ကျွန်မကို နောက်ခါ Mandu လို့ခေါ်ရင် ပါးဖောင်းနေတာ ပိန်အောင်လုပ်ပစ်မယ်” ဆိုပြီး Vlive မှာတစ်ခါပြောဖူးပါတယ်။ Jennie ကို ပရိတ်သတ်တွေ Mandu(ဖက်ထုပ်လေး) လို့ ဘာကြောင့်ခေါ်ရတယ်ဆိုတာ ပိုသေချာသွားအောင် ဗွီဒီယိုမှာ ဆက်ကြည့်လိုက်ရအောင်>>
ဒီလောက်ဆို Jennie ကို blinks တွေက ဘာကြောင့် ‘ဖက်ထုပ်လေး’ လို့ခေါ်တယ်ဆိုတာ ပရိတ်သတ်ကြီး သဘောပေါက်လိမ့်မယ်ထင်ပါတယ်။ ဖက်ထုပ်လေးနဲ့တူတဲ့ ပါးဖောင်းဖောင်းလေးတွေကို တစ်ခါလောက် ခပ်ဖွဖွလေး ကိုင်ကြည့်ချင်စိတ်တွေတောင် ဖြစ်သွားရပါတယ်။
Ref:jennierubyjane
(ပိုပိုလေး)