1. Home
  2. Myanmar News

ကျောင်းသားများ၏ မျက်နှာကို မစင်သုတ်အပြစ်ပေးခဲ့တဲ့ ဆရာမကို အရေးယူဖို့ စုံစမ်းစစ်ဆးနေ

Myanmar News ส.ค. 08, 2562 view 1,720
ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာအုပ်စု၊အထက(ခွဲ) တွင်ဖြစ်ပွားခဲ့တဲ့ ကျောင်းသားများ၏ မျက်နှာကို မစင်သုတ်အပြစ်ပေးခဲ့တဲ့ ဆရာမကို ပညာရေးဝန်ကြီးဌာန ဘက်မှ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
 
ဖြစ်စဉ်မှာ အင်္ဂလိပ်စာဆရာမ ဒေါ်အိဇာဇာအောင်ဟာ လပတ်စာမေးပွဲကျသော စတုတ္ထတန်းကျောင်းသား၊ ကျောင်းသူ ၁၆ ဦးကို စာသင်ခန်းဘေးကွင်းပြင်တွင် မတ်တပ်ရပ်လက်မြှောက်ခိုင်းခြင်း၊ တုတ်ဖြင့် သုံးချက် ရိုက်ကာ အိမ်သာမှ မစင် သွားယူခိုင်းပြီး ပါးစပ်နှင့် နှာခေါင်းကို သုတ်လိမ်းခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆရာမ၏ အဆိုပါလုပ်ရပ်ကို မကျေနပ်သောကြောင့် ကျောင်းသားမိဘများက သြဂုတ် ၅ ရက်နေ့တွင် ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် တိုင်ကြားစားပို့ခဲ့ပါတယ်။

အဆိုပါကိစ္စနဲ့ပါက်တတ်ပြီး  “အခုလို လုပ်ရပ်ဟာ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် လုပ်ရပ်ဖြစ်တယ်။ လူတစ်ယောက်ကို မစင်သုတ်လိမ်းတယ်ဆိုတာ ပြောမယ်ဆိုရင် လူမျက်နှာနဲ့ မစင်ဟာ မအပ်စပ်တဲ့ အရာပါ။ ဒါ လူ့ဂုဏ်သိက္ခာ၊ ကျောင်းသားတွေရဲ့ ဂုဏ်သိက္ခာ၊ နောက် ဆရာမက တကယ်လုပ်တာလား။ ဟုတ်တယ် ဆိုရင် ဆရာ၊ ဆရာမရဲ့ ဂုဏ်သိက္ခာ ထိခိုက်တာပေါ့နော်။

တကယ်တမ်း လုပ်ရမယ့်ဟာတွေကတော့ အုပ်ချုပ်ရေးပိုင်း၊ ဌာနဆိုင်ရာ ပညာရေးပိုင်းအကြီးအကဲတွေက အောက်ခြေအထိ စုံစမ်းစစ်ဆေးရမဲ့ကိစ္စ ဖြစ်ပါတယ်။ တကယ်တမ်းမှန်လို့ရှိရင် အရေးယူတဲ့အပိုင်းတွေ ဖြစ်သင့်တာပေါ့လေ။ ”လို့ ရှမ်းပြည်နယ်လွှတ်တော်၊ မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောကြားခဲ့ပါတယ်။

Ref mizzima



Follow us on