1. Home
  2. Movie Stars - Celebrity

Bangbae မှာရှိတဲ့ ဒေသခံတွေအဆင်ပြေစေဖို့ ငွေကြေးအများကြီး လှူဒါန်းလိုက်တဲ့ IU

Movie Stars - Celebrity ส.ค. 09, 2562 view 1,512

တောင်ကိုးရီးယားနိုင်ငံ Nation’s Sister လို့ တင်စားခေါ်ဝေါ်ကြတဲ့ အဆိုတော်၊ သရုပ်ဆောင် IU ကတော့ အလှူအတန်း ရက်ရောသူတစ်ဦးပဲဖြစ်ပါတယ်။ IU ဟာ ပရဟိတလုပ်ငန်းဆောင်တာတွေမှာ အမြဲတစေပါဝင်လေ့ရှိပြီး ဒုက္ခရောက်နေသူတွေကို ကူညီတတ်သူတစ်ဦးပါ။ IU တစ်ယောက် လတ်တလော Bangbae မှာရှိတဲ့ ဒေသခံတွေကို ဘာကြောင့် ကူညီပေးတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

တာင်ကိုးရီးယားမှာ လက်ရှိအချိန်ဟာဆိုရင် နွေရာသီအချိန်အခါဖြစ်ပြီး ကိုးရီးယားပြည်သူတွေဟာ ရာသီဥတုပူတဲ့ ဒဏ်ကိုကြံ့ကြံ့ခံနေကြရတာပဲဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း တောင်ကိုးရီးယားမှာ အပူလိုင်းဖြတ်တာကြောင့် အစိုးရအနေနဲ့ ပြည်သူတွေကို ကျန်းမာရေးဆိုင်ရာ အသိပေးမှုများကို ထုတ်ပြန်ကြေညာထားပါတယ်။

Bangbae မှာ လက်ရှိ အပူထုထည်မြင့်မားနေပြီး သက်ကြီးရွယ်အိုများ အနေနဲ့ ဆောင်းရာသီမှာရရှိထားတဲ့ စောင်များကိုသာ အသုံးပြုနေကြတာကြောင့် IU မှ နွေရာသီမှာ သုံးတဲ့ အအေးစောင်များကို လှူဒါန်းခဲ့ပါတယ်။

Bangbae ရှိ သက်ကြီးရွယ်အိုတွေ အအေးစောင် အသုံးပြုနိုင်ဖို့ အမေရိကန်ဒေါ်လာ ၉၀၀၀ တိတိလှူဒါန်းခဲ့ပါတယ်။  IU ကြောင့် Bangbae မှာ ရှိတဲ့ အဖိုးအဖွားတွေ ဆိုးရွားလှတဲ့ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ကြတော့မှာပါ။ “နိုင်ငံ့ ညီမလေး” လို့တင်စားခေါ်ဝေါ်ရကျိုးနပ်တဲ့ IU လေးပါပဲ။

Ref:koreaboo

(ပိုပိုလေး)  

 



Follow us on