1. Home
  2. Movie Stars - Celebrity

Photoshoot တစ်ခုမှာ အတူပြန်လည်မြင်တွေ့ရတဲ့ ကော်အယ် နဲ့ ဂူဂူး

Movie Stars - Celebrity ส.ค. 13, 2562 view 2,200

‘သိမ်းငှက်သူရဲကောင်း’ တရုတ်သိုင်းကား ဇာတ်လမ်းတွဲကြိုက်နှစ်သက်သူ မြန်မာပရိတ်သတ်တွေနဲ့ သိပ်မစိမ်းတဲ့ ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားဟာ ၉၀ ခုနှစ်ဖွားတွေရဲ့ ငယ်ဘဝ အမှတ်တရတစ်ခုဆိုလဲ မမှားပါဘူး။ လက်ရှိမှာတော့ သိမ်းငှက်သူရဲကောင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ ကော်အယ်အဖြစ် Hua Xiao Ming၊ ဂူဂူးအဖြစ် Lui Yi Fei တို့ဟာအသက်အရွယ်အားဖြင့် လူလတ်ပိုင်းအရွယ်ကို ရောက်ရှိလို့နေပါပြီ။ ကော်အယ်နဲ့ ဂူဂူးတို့ ဇာတ်လမ်းတွဲရိုက်ကူးအပြီး ၁၃ နှစ်အကြာမှာ ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကို နှိပ်ပါ။<<

မြန်မာပရိတ်သတ်တွေ ကော်အယ်နဲ့ ဂူဂူးလို့သိကြတဲ့ Hua Xiao Ming နဲ့ Liu Yi Fei တို့ဟာ ဆွစ်ဇာလန်ရှိ နာမည်ကျော် watch brand အတွက် ကြော်ငြာအတူ ရိုက်ကူးခဲ့ကြပါတယ်။

သိမ်းငှက်သူရဲကောင်း (return of condor heroes) မှာအတူပါဝင် သရုပ်ဆောင်ခဲ့ကြပြီး ပြင်ပမှာလဲ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ် ဆက်လက်တည်ရှိနေဆဲပါ။

လက်ရှိမှာ Hua Xiao Ming က အသက် ၄၁ နှစ်ရှိပြီဖြစ်ပြီး Liu Yi Fei ကတော့ အသက် ၃၁ နှစ်ရှိပြီပဲဖြစ်ပါတယ်။ သိမ်းငှက်သူရဲကောင်း ဇာတ်ကားရိုက်တုန်းက ဂူဂူးရဲ့ အသက်ဟာ ၁၈ နှစ်သာရှိပါသေးတယ်။ သိမ်းငှက်သူရဲကောင်း ဇာတ်ကားရိုက်ကူးတုန်းက Liu Yi Fei ဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်သလို သရုပ်ဆောင် သက်တမ်းလဲ မရင့်ကျက်သေးပေမယ့် ဂူဂူးဇာတ်ရုပ်ကို အပီအပြင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဇာတ်လမ်းထဲမှာ ကော်အယ်နဲ့ ဂူဂူးအဆိပ်မိတဲ့အခန်းဟာတွေဆိုရင် ပရိတ်သတ်ကို မျက်ရည်ခြူစေတဲ့ အခန်းတွေပါပဲ။

လက်ရှိမှာ Hua Xiao Ming က Angela Baby နဲ့ လက်ထပ်ထားပြီး သားလေးတစ်ယောက်မွေးထားပါတယ်။ Liu Yi Fei ကတော့ မြန်မာပရိတ်သတ်တွေ ဂျွန်စောလို့ သိကြတဲ့ မင်းသားကြီး ဆောင်းဆန်ဟွန်းနဲ့ ၂၀၁၅ မှာ စဒိတ်ခဲ့ပြီး ၂၀၁၈ မှာ လမ်းခွဲပြတ်စဲခဲ့ကြပါတယ်။ လက်ရှိမှာတော့ ရည်းစားမရှိတဲ့ တစ်ကိုယ်တည်း အပျိုကြီးပါ။

ပရိတ်သတ်ကြီးချစ်တဲ့ ကော်အယ်နဲ့ ဂူဂူးကို ၂၀၁၉ မှာ  အခုလို အတူကတွ မြင်တွေ့ရတာဟာ ဝမ်းသာစရာပါပဲ။ သူတို့နှစ်ယောက်ကြားက ခင်မင်မှုက ဘယ်လောက်ကြာရှည်ခိုင်မာခဲ့တယ်ဆိုတာ ဓာတ်ပုံတွေက သက်သေပြလို့နေပါတယ်။

Ref: The Strait Time

(ပိုပိုလေး)

 

                                                                                                        

 



Follow us on