နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Blackpink ဟာဆိုရင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူငယ်တွေကို လွှမ်းမိုးထားနိုင်တဲ့ အဖွဲ့တစ်ဖွဲ့ပါပဲ။ Blackpink အဖွဲ့ဝင်တွေ ဝတ်စားတဲ့ ဖက်ရှင်တွေဟာလဲ လူငယ်တွေကြားမှာ ရေပန်းစားလာကြပါတယ်။ အာရှနိုင်ငံက Kpop ပရိတ်သတ်တွေကိုသာမက အနောက်နိုင်ငံတွေအထိ လွှမ်းမိုးထားနိုင်တဲ့ Blackpink ဟာ နာမည်ကြီး Producer နဲ့ သီချင်းအတူ တွဲလုပ်ဖို့ရှိနေပါတယ်။ Blackpink ဘယ်လို Producer မျိုးနဲ့ သီချင်းအတူတွဲလုပ်သွားမယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Music Producer Tommy Brown ဟာဆိုရင် နာမည်ကျော် အဆိုတော်များဖြစ်တဲ့ Ariana Grande, John Legend တို့ရဲ့ သီချင်းတွေကို ရေးသားထုတ်လုပ်ပေးတဲ့ Producer တစ်ဦးပဲဖြစ်ပါတယ်။
Tommy Brown သူငယ်ချင်းဖြစ်တဲ့ Tony Frernandes ရဲ့ အင်စတာဂရမ် ပို့စ်အရ လက်တလောမှာ Brown ဟာ YG မှ girl group တစ်ခုနဲ့အတူ အလုပ်တွဲလုပ်နေကြောင်းသိရပါတယ်။
Tommy Brown produce လုပ်ခဲ့တဲ့ သီချင်းတွေကတော့ Thank u,next , 7 Rings , NASA , Needy, Honeymoon Avenue အစရှိတဲ့ Ariana Grande ရဲ့ လူကြိုက်များတဲ့သီချင်းတွေပဲဖြစ်ပါတယ်။
Brown လို နာမည်ကြီး Producer နဲ့ လတ်တလော Hot ဖြစ်နေတဲ့ Blackpink တို့ ပေါင်းစပ်လိုက်ရင် ဘယ်လိုအမိုက်စား၊ အလန်းစား သီချင်းမျိုးတွေ ထွက်ရှိလာမယ်ဆိုတာ စိတ်ဝင်စားစရာပါနော်။
Kill This Love ပြီး ထွက်ရှိလာမယ့် Blackpink သီချင်းအသစ်ကို ပိုပိုလေးနဲ့အတူ စောင့်စားလိုက်ကြရအောင်။
Ref:allkpop
(ပိုပိုလေး)