1. Home
  2. Movie Stars - Celebrity

ဟောင်ကောင် နိုင်ငံရေးအခြေအနေကြောင့် fan meeting ပွဲဖျက်လိုက်ရတဲ့ Kang Daniel

Movie Stars - Celebrity ส.ค. 14, 2562 view 1,559

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop star ယခင် wannaone အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Kang Daniel ဟာ လာမယ့် သြဂုတ် ၁၈ ရက် ဟောင်ကောင်မှာ ပြုလုပ်မယ့် fan meeting ပွဲကို အေဂျင်စီမှတစ်ဆင့် ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။ Kang Daniel ရဲ့ အေဂျင်စီ Konnect Entertainment က လက်ရှိ တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်ကြားက နိုင်ငံရေးအခြေအနေကြောင့် fan meeting ကျင်းပဖို့ ဖျက်သိမ်းလိုက်ရခြင်းအကြောင်းကို ဘယ်လို ထုတ်ပြန်ကြေညာသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

KONNECT  Entertainment ထုတ်ပြန်ကြေညာချက်>>

“မင်္ဂလာပါ Konnect entertainment ဖြစ်ပါတယ်။ လာမယ့် သြဂုတ် ၁၈ ရက်နေ့၊ ဟောင်ကောင်မှာ ပြုလုပ်သွားမယ့် Fan Meeting ပွဲကို စိတ်မကောင်းစွာဖြင့် နောက်ဆုတ်လိုက်ရပါတယ်။

ကျွန်တော်တို့နဲ့ အတူ လက်တွဲလုပ်ဆောင်တဲ့ UnUsUal Entertainment , Sun Entertainment တို့နဲ့ တိုင်ပင်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေတွေအရ ပွဲကို အခုလိုနောက်ဆုတ်လိုက်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အနုပညာရှင်နဲ့ ပရိတ်သတ်တွေ အန္တာရာယ်ကင်း ဘေးရှင်းဖို့အတွက် အခုလို ဆုံးဖြတ်လိုက်ရတာပါ။ အခုလို fan meeting ကိုနောက်ဆုတ်လိုက်ရတဲ့အတွက် တောင်းပန်ပါတယ်” ဆိုပြီး ထုတ်ပြန်ကြေညာလာပါတယ်။

Kang Daniel ဟာ Konnect entertainment ရဲ့ CEO ဖြစ်ပြီး အခုလို ကိုယ်တိုင်ထုတ်ပြန်ကြေညာတာကို ကြည့်ခြင်းအားဖြင့် ဟောင်ကောင်ဟာ အမှန်တကယ် အန္တာရာယ်ရှိနိုင်တဲ့ အခြေအနေမျိုးထဲ ကျရောက်နေပုံပါပဲ။

ဟောင်ကောင်လေဆိပ်မှာ တရုတ်အစိုးရကို ဆန်ကျင်ဖို့အတွက် ဆန္ဒထုတ်ဖော်သူများ ပြည့်နှက်နေပြီး ရဲတွေနဲ့ပါ ရန်ဖြစ်တိုက်ခိုက်တာမျိုးတွေပါ ရှိနေတာကြောင့် လေယာဉ်ထွက်ခွာခွင့်ပိတ်ပင်ထားတာ ၂ ရက်တိတိရှိပြီပဲဖြစ်ပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 

 



Follow us on