1. Home
  2. Movie Stars - Celebrity

idol အဆိုတော်အဖြစ် ပြန်လည်ရပ်တည်ဖို့ လက်လျော့လိုက်ပြီဖြစ်ကြောင်း ပြောပြလာတဲ့ Krystal

Movie Stars - Celebrity ส.ค. 15, 2562 view 1,575

2009 ခုနှစ်ဝန်းကျင်လောက်က ရေပန်းစား အောင်မြင်ကျော်ကြားခဲ့တဲ့ Kpop အဆိုတော်အဖွဲ့ F(x) မှ အငယ်ဆုံးအဖွဲ့ဝင် Krystal ဟာဆိုရင် ခုနောက်ပိုင်း သီချင်းသီဆိုတာမျိုး သိပ်မရှိတော့ပဲ သရုပ်ဆောင်တစ်ယောက်အနေနဲ့သာ ဆက်လက်ရပ်တည်နေပါတယ်။ 2015 အောက်တိုဘာမှာ F(x) အဖွဲ့ရဲ့ 4 walls album ထွက်ရှိပြီးနောက် Krystal သီချင်းမဆိုဖြစ်တော့တာဖြစ်ပါတယ်။ Idol အဆိုတော်အဖြစ် ပြန်လည်ရပ်တည်ဖို့ လက်လျော့ဖြစ်သွားတဲ့ အကြောင်းအရင်းကို သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Krystal ဒီနှစ်ပိုင်းတွေမှာ သီချင်းတွေမဆိုတော့ပဲ ကြော်ငြာမော်ဒယ်၊ သရုပ်ဆောင် အဖြစ်နဲ့သာ ဆက်လက်ရပ်တည်နေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့မှာ urbanlike magazine နဲ့ photoshoot တစ်ခုပြုလုပ်ခဲ့ပြီး အင်တာဗျူးမေးခွန်းအချို့ကို ဖြေကြားသွားပါတယ်။

“အဖွဲ့နဲ့မဟုတ်ဘဲ ကျွန်မတစ်ယောက်တည်း ရပ်တည်နိုင်ဖို့ ဘာဆက်လုပ်ရင်ကောင်းမလလဲဆိုပြီး ကျွန်မအမြဲတွေးနေခဲ့တာ။ ဝါသနာပါတာတွေကလဲ အများကြီးဆိုတော့ ဘာဆက်လုပ်ရမှန်းမသိဖြစ်တာမျိုးတွေ ကြုံခဲ့ရဖူးတယ်။ ဒါပေမဲ့ သေချာတာကတော့ ကျွန်မ သီချင်းလဲမဆိုချင်တော့ဘူး၊ ကလဲမကချင်တော့ဘူး။ ကျွန်မရဲ့ idol တစ်ယောက်ရဲ့ ပုံရိပ်ကို F(x) အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပရိတ်သတ်ကြီးအတွက် တာဝန်ကျေခဲ့ပြီထင်ပါတယ်။” ဆိုပြီးဖြေကြားသွားပါတယ်။

လက်ရှိမှာ Krystal ဟာ ကုန်ပစ္စည်း brands တွေရဲ့ ကြော်ငြာမော်ဒယ်အဖြစ်ဆက်လက်ရပ်တည်နေပြီး 2017 မှာ The bride of habaek, 2018 မှာ မင်းသားကြီး ဂျွန်စောနဲ့အတူ Players ဇာတ်လမ်းတွဲ တို့မှာ အတူပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

idol အဆိုတော်အဖြစ် ပြန်လည်ရပ်တည်ဖို့ လက်လျော့လိုက်ပေမယ့် အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေတာကိုပဲ ကျေးဇူးတင်ရမှာပါ။

Ref:allpop

(ပိုပိုလေး)



Follow us on