1. Home
  2. Movie Stars - Celebrity

MNTV ရုပ်သံဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ကြမယ့် မိုရီဆာကီဝင်းနဲ့ နေခြည်ဦး

Movie Stars - Celebrity ส.ค. 15, 2562 view 1,760

မြန်မာပရိတ်သတ်တွေ ‘အဝင်း’ လို့ ချစ်စနိုးခေါ်ကြတဲ့ မြန်မာလူမျိုး ဂျပန် အဆိုတော်၊ သရုပ်ဆောင် မိုရီဆာကီဝင်းဟာ မြန်မာပရိတ်သတ်တွေဆီကို ဇာတ်ကားအသစ်နဲ့အတူ ပြန်လည်ရောက်ရှိလာလို့ လာပါပြီ။ ဒီတစ်ခါ အဝင်းနဲ့အတူ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်မယ့် မင်းသမီးကတော့ Chillies လေးတွေ ခြည်ခြည်လို့ ချစ်စနိုးခေါ်ကြတဲ့ Beautybynaychi နေခြည်ဦးပဲဖြစ်ပါတယ်။ အဝင်းနဲ့ ခြည်ခြည်တို့ အတူ ပါဝင်သရုပ်ဆောင်ကြမယ့် ဇာတ်လမ်းတွဲမှာ တခြား ဘယ်သူတွေ ပါဝင်သရုပ်ဆောင်ဦးမလဲဆိုတာ သိရှိဖို့ ပိုပိုလေးနဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

MNTV နဲ့ Myanmar Media 7 တို့ က ပူပေါင်းတင်ဆက်မယ့် “အိပ်မက်တွေ မိုးထားတဲ့ အိမ်” ရုပ်သံဇာတ်လမ်းတွဲမှာ မိုရီဆာကီဝင်း၊ နေခြည်ဦး၊ ချမ်းမင်းရဲထွဋ်၊ အောင်လေး၊ အုပ်စိုးခန့်၊ ညီနန္ဒ၊ မျိုးစန္ဒီကျော်၊ ရွှေရင်အေး၊ သဲနန္ဒာစိုး၊ မေနွယ်ထွန်း၊ ဝမ်းဝမ်း၊ ကေညီ၊ အေဏီဇော် နဲ့အခြား အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

‘ဇာတိမြေရုပ်ရှင်ကားကြီး’ နဲ့ အဝင်းကို မြန်မာပရိတ်သတ်တွေ သိခွင့်ရခဲ့ပြီး အင်တာဗျူးတွေမှာ မြန်မာစကားကို မပီ့တပီပြောတတ်တဲ့ ချစ်ဖို့ကောင်းတဲ့အဝင်းရဲ့ အမူအရာလေးကြောင့် ပရိတ်သတ်တွေ အချစ်ပိုနေကြပါတယ်။ MNTV မှ Win’s Showtime အစီအစဉ်ကို ရိုက်ကူးတင်ဆက်ပြီးနောက်မှာ အဝင်းပရိတ်သတ်တွေ အရင်ကထက် ပိုများလာတာ အမှန်ပါပဲ။

ခြည်ခြည်ကလဲ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးလျက်ရှိနေပြီး ရုပ်ရှင်ကြိုက်နှစ်သက်သူ ပရိတ်သတ်တွေ ရင်ထဲ ထိုးဖောက်ဝင်ရောက်လို့နေပါပြီ။ သူတို့နှစ်ဦးအပြင် နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်နေတဲ့ အောင်လေး၊ ချမ်းမင်းရဲထွဋ်၊ အုပ်စိုးခန့်တို့ပါ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ဒီဇာတ်လမ်းတွဲဟာ စိတ်ဝင်စားစရာပါပဲ။

MNTV ကထုတ်လွှင့်ပြသမယ့် “အိပ်မက်တွေ မိုးထားတဲ့အိမ်” ရုပ်သံဇာတ်လမ်းတွဲကို အမျိုးသမီးဒါရိုက်တာ ပွင့်သိင်္ဂီဇော်မှာ ရိုက်ကူးတင်ဆက်သွားပေးမှာပဲဖြစ်ပါတယ်။

အဝင်း၊ နေခြည်ဦး၊ အုပ်စိုးခန့်၊ ချမ်းမင်းရဲထွဋ်၊ အောင်လေးနဲ့ မေနွယ်ထွန်းတို့ အတူပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းတွဲက ဘယ်လို အနုပညာမြောက်တဲ့ လက်ရာမျိုးတွေပါဝင်လာမလဲဆိုတာ ပိုပိုလေးနဲ့အတူစောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။

Ref: Wai Minn Maung

(ပိုပိုလေး)

 

 



Follow us on