1. Home
  2. Special or Others

အဲလစ်ဇဘတ်-၂ ဘုရင်မကြီး နန်းသက်အရှည်ဆုံးဖြစ်လာတော့မည်

Special or Others ก.ย. 04, 2558 view 1,748

                                          အလစ်ဇဘတ်-၂ ဘုရင်မကြီးသည် လာမည့်လတွင် ဗြိတိန်နိုင်ငံ၏ နန်းသက်အရှည် ဆုံး ဖြစ်လာတော့မည်ဟု သိရသည်။ သူမ၏ ဘွားတော်ကြီး ၀ိတိုရိယဘုရင်မ၏စံချိန်ကို စက်တင်ဘာ ၉ ရက် မွန်းလွဲ ၅ နာရီ ၃၀ မိနစ် တွင် ကျော်လွန်တော့မည်ဟု ဆိုသည်။ ၀ိတိုရိယဘုရင်မကြီး၏ နန်းသက်သည် ၂၃,၂၂၆ ရက်၊ ၁၆ နာရီနှင့် မိနစ် ၃၀ ဖြစ်သည်။ သို့သော် အသက် ၈၉ နှစ်အရွယ်ရှိ အလစ်ဇဘတ်ဘုရင်မကြီး၏ နန်းသက်ကို အချိန်အတိအကျဖြင့် သတ်မှတ်ရန် ခက်ခဲသည်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် ၁၉၅၂ ခုနှစ်တွင် အလစ်ဇဘတ်၏ ဖခမည်းတော် ဂျော့-၆ ဘုရင်သည် အိပ်ပျော်နေစဉ် နတ်ရွာစံခဲ့ရာ အချိန်အတိအကျကို သိရှိရခြင်းမရှိ သောကြောင့်ဟု ဆိုသည်။ သို့သော် ဘုရင်မကြီးသည် ယင်းစံချိန်အတွက် မင်းခမ်းမင်းနားဖြင့် အောင်ပွဲခံလိမ့်မည်မဟုတ်ဟု ဆိုသည်။

                                           ဘုရင်မကြီးက ယင်းအစား အများပြည်သူနှင့်ဆိုင်သည့် ပွဲတစ်ခုသို့သာ တက်ရောက်မည်ဟု ဆိုသည်။ ယခု အကြိမ်တွင် စကော့တလန်ရှိ ရထားလမ်းသစ် ဖွင့်ပွဲတစ်ခုသို့သာ တက်ရောက်ရန်စီစဉ်ထားသည်။ ၎င်းအပြင် လမ်းပေါ်ပွဲလမ်းသဘင်များ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပခြင်းနှင့် အခြားတရားဝင်ပွဲများကို စီစဉ်လိမ့်မည်မဟုတ်ဟု ဆိုသည်။ ဘုရင်မကြီး၏ ယင်းကဲ့သို့သော စိတ်ခံစားချက်သည် ဖခင်ဖြစ်သူ ဂျော့-၆ ဘုရင်နှင့် အဘိုးဖြစ်သူ ဂျော့-၅ ဘုရင်တို့၏ တည်ငြိမ်အေးဆေးသောဟန်ကို အမွေဆက်ခံထိန်းသိမ်းခြင်းဖြစ်သည်ဟု ဆိုသည်။

                                          “ဘုရင်မကြီးဟာ စောဒကတက်နိုင်ဖွယ်မရှိတဲ့ ဂုဏ်သိက္ခာဆိုင်ရာ စံချိန်တစ်ရပ်ကို ထူထောင် လိုက်ပါပြီ။ ဘုရင်မကြီးဟာ အကြီးအကျယ် ကြည်ညိုဖွယ်ဖြစ်တယ်လို့ ထင်ပါတယ်။ သီးခြားဂုဏ်သိက္ခာတစ်ရပ်နဲ့ပတ် သက်တဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်” ဟု သမိုင်းပညာရှင် ဒေးဗစ်စတက်ကီးက ပြောကြားခဲ့သည်။ ၁၈၃၇ ခုနှစ်မှ ၁၉၀၁ ခုနှစ်အထိ ၆၃ နှစ်နှင့် ၂၁၆ ရက်ကြာ အုပ်စိုးခဲ့သော ၀ိတိုရိယဘုရင်မကြီး လက်ထက်တွင် ကမ္ဘာအနှံ့ကျယ်ပြန့်သော အင်ပါရာ၊ ကြီးမားလှသော စက်မှုလုပ်ငန်းချဲ့ထွင်မှုတို့နှင့်အတူ ဗြိတိန်၏ သြဇာသည် အထွတ်အထိပ် သို့  ရောက်ရှိခဲ့သော်လည်း လက်ရှိအဲလစ်ဇဘတ်ဘုရင်မကြီး လက်ထက်တွင် ဗြိတိန်နိုင်ငံကို အကျဉ်းဆုံးတစ်ခုအဖြစ် ရှုမြင်နိုင်သည်။

                                         ဒုတိယကမ္ဘာစစ်ပြီးနောက် ဗြိတိန်သည် အင်ပါယာ ကိုဖြုတ်သိမ်းကာ ဥရောပသို့ ပြန်လှည့်ခဲ့ရပြီး ပြန်လည်တည်ဆောက်မှုများ ပြုလုပ်ခဲ့ရသည်။ ဗြိတိန်သည် ၁၉၇၀ ပြည့်လွန် နှစ်များအတွင်း စီးပွားရေးပျက်ကပ်ဒဏ်ခံခဲ့ရပြီး ၁၉၈၀ ပြည့်လွန်နှစ်များ၌ ပြန်လည်ရှင်သန်ခဲ့ခြင်းဖြစ်သည်။



Follow us on