
ရီးရဲလ်မက်ဒရစ် ကစားသမား အီဒင် ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်မှာ ပေါင် (၁၀) သန်းတန် ဇိမ်ခံအိမ်ကြီးကို ဝယ်ယူလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ အိမ်ကြီးမှာ ဇိမ်ခံအခန်း (၆) ခန်း ၊ ရေကူးကန် ၊ ရုပ်ရှင်ရုံနဲ့ အခြား ဇိမ်ခံပစ္စည်းအများအပြား ပါရှိတယ်လို့ သိရပါတယ်။
အသက် (၂၈) နှစ်ရှိ အီဒင် ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွေ့ လာပြီးနောက် မိသားစုနဲ့ နေထိုင်ဖို့အတွက် အခုလို (၁၀) သန်းတန် အိမ်ကြီးကို ဝယ်ယူလိုက်တာဖြစ်ပါတယ်။ အီဒင်ဟာဇက်ကို ရီးရဲလ်မက်ဒရစ်က ဒီနှစ် နွေရာသီ အပြာင်းအရွေ့ မှာ ယူရို သန်း (၁၅၀) ဖြင့် ချဲလ်ဆီးအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
.jpg)
ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းဟာ ရလဒ်ဆိုးတွေကြုံတွေ့ ခဲ့ရပြီး ချန်ပီယံလိဂ်မှာ ကွာတာဖိုင်နယ်အဆင့်နဲ့သာ ထွက်ခဲ့ရပါတယ်။ ဒီရာသီမှာ ပြိုင်ပွဲစုံမှ ဖလားတွေကို စိန်ခေါ်နိုင်ဖို့အတွက် အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားပါတယ်။
.jpg)
စပိန်လာလီဂါပြိုင်ပွဲဟ ဒီတစ်ပါတ်မှာ စတင်တော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် အဝေးကွင်းမှာ ဆယ်တာဗီဂိုအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။
.jpg)
comment