တောင်ကိုးရီးယား နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Blackpink မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jennie ဟာဆိုရင် သူမရဲ့ အထာကျလှတဲ့ ဖက်ရှင်စတိုင်တွေကြောင့် ပရိတ်သတ် စိတ်ဝင်စားမှု အများဆုံးရရှိထားသူတစ်ဦးပါ။
Jennie ဟာ Blackpink မှာ rap, vocal position နှစ်မျိုးလုံး ကျွမ်းကျင်ပိုင်နိုင်စွာသီဆိုနိုင်တဲ့ သူပါ။ Dance မှာလဲ Jennie တစ်ယောက် ဘယ်လောက်အထာကျတယ်ဆိုတာ ပြောနေစရာတောင်မလိုတော့ပါဘူး။
Jennie ဟာ Blackpink အဖွဲ့နဲ့အတူ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ ပြီးဆုံးသွားခဲ့ပြီမို့ လတ်တလော ကိုးရီးယားကို ပြန်လည်ရောက်ရှိနေတာပဲဖြစ်ပါတယ်။
ဓာတ်ပုံထဲမှာ အနည်းငယ် ပင်ပန်းပုံပေါ်နေပေမယ့် သူမရဲ့ သဘာဝအလှကတော့ အဝေးကနေကြည့်ရင်တောင် ထင်းခနဲပါပဲ။ မိတ်ကပ်လိမ်းခြယ်ထားခြင်းမရှိပဲ လူအများလျှောက်လှမ်းနေတဲ့လမ်းမထက် လမ်းလျှောက်ထွက်လာတဲ့ Jennie ဟာ သဘာဝအတိုင်း လှနေတာကို တွေ့ရမှာပါ။
Jennie ဟာ သူမ မိတ်ကပ်မလိမ်းထားတဲ့ ပုံရိပ်ကို အခုမှ ဖော်ပြတာမဟုတ်ပါဘူး။
YG က ရိုက်ကူးတင်ဆက်ပေးတဲ့ Blackpink House အစီအစဉ်မှာတောင် မိတ်ကပ်လိမ်းထားခြင်းမရှိတဲ့ သူမမျက်နှာကို ဖော်ပြဖူးပါတယ်။
တစ်ခါတစ်ရံ သူမ အင်စတာဂရမ် အကောင့်မှာ မိတ်ကပ်ပါးပါးလေးသာ လိမ်းခြယ်ထားတဲ့ ဓာတ်ပုံအချို့ကို ဝေမျှလေ့ရှိပါတယ်။
မိတ်ကပ်လိမ်းသည်ဖြစ်စေ၊ မလိမ်းသည်ဖြစ်စေ၊ လိမ်းရင်လဲ အထာကျတဲ့ပုံစံမျိုးနဲ့ အရမ်းမိုက်နေပြီး မလိမ်းထားရင်လဲ သဘာဝကျကျ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းနေတော့တာပါပဲ။
Ref:allkpop
(ပိုပိုလေး)