1. Home
  2. Movie Stars - Celebrity

တောင်ကိုးရီးယားမှာ ခေတ်စားနေတဲ့ အမဲသားအစိမ်းစားပြီး live လွှင့်တဲ့အစီအစဉ်

Movie Stars - Celebrity ส.ค. 19, 2562 view 1,961

တောင်ကိုးရီးယားနိုင်ငံမှာ Mukbang Show ထုတ်လွှင့်တဲ့သူတွေ များလာပါတယ်။ Mukbang ဆိုတာကတော့ ကိုးရီးယား စကားလုံးမှ ဆင်းသက်လာပြီး “အစာစားခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။ Mukbang show ကို ၂၀၀၈ မှာကနေဒီယန်လူမျိုး Simon Stawski က တီထွင်ခဲ့ပြီး စတင်ခဲ့ရာက ၂၀၁၄ နောက်ပိုင်းမှာတော့ လူငယ်များကြား ရေပန်းစားလာပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

အစာစားပြတဲ့ live show တွေ တစ်နှစ်ထက်တစ်နှစ် လူကြိုက်များလာကြပါတယ်။ live လွှင့်ပြီး အစာစားပြတဲ့ အစီအစဉ်တွေ များပြားလာပြီး အပြိုင်အဆိုင်တွေများလာတော့ BJ တွေအနေနဲ့ သူများထက်ထူးအောင် စားပြနိုင်မှ ဖြစ်မှာပါ။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ ရေဘဝဲကို အရှင်လတ်လတ်စားပြတာမျိုးတွေရှိခဲ့ပြီး ဒီနှစ်မှာတော့ အမဲသားကို အစိမ်းစားပြလာကြပါတယ်။

BJ Sean Kim မှာ နွားရဲ့ အသည်းကို အစိမ်းလိုက် စားပြနေတာပဲဖြစ်ပါတယ်။

မိန်းကလေး BJ ဖြစ်တဲ့ Dueang မှ အမဲသားအစိမ်းကို sashimi နဲ့အတူ တွဲဖက်စားပြနေတာပဲဖြစ်ပါတယ်။

နောက်ထပ် မိန်းကလေး BJ တစ်ဦးဖြစ်တဲ့ Ssoyoung ကတော့ သရဲလို ဝတ်စားပြင်ဆင်ပြီး အမဲသားအစိမ်းကို စားပြနေတာပဲဖြစ်ပါတယ်။

မိန်းကလေး ပရိတ်သတ်များရဲ့ အသည်းနှလုံးကို ဖမ်းစားထားတဲ့ BJ ချောချောလေး Sio ကလဲ Hollowen party မှာ အမဲသား အစိမ်းစားတဲ့ပုံစံနဲ့အတူ live လွှင့်ခဲ့ဖူးပါတယ်။

အမဲသား အစိမ်းစားပြတဲ့ live video တွေဟာ ကြည့်ရှုသူ ပရိတ်သတ်တွေကို စိတ်ကျေနပ်မှု အများဆုံးရရှိစေခဲ့ပါတယ်။ ကြည့်ရှုပြီးရင် မိတ်ဆွေတို့အနေနဲ့ ဘယ်လိုခံစားသွားရတယ် ဆိုတာရော မျှဝေပေးပါဦး။

(ပိုပိုလေး)

 

 



Follow us on