1. Home
  2. Movie Stars - Celebrity

ဂူဟဲဆောင်းန်ဘက်က အရင်ကွာရှင်းပေးဖို့ တောင်းဆိုခဲ့ကြောင်း အသိမိတ်ဆွေပြောကြား

Movie Stars - Celebrity ส.ค. 20, 2562 view 1,710

F4 ဇာတ်လမ်းတွဲနဲ့ မြန်မာပရိတ်သတ်တွေ ဂင်ဂျန်ဒီလို့ သိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်န်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ ခင်ပွန်းသည် အန်ဂျယ်ဟွန်းက သူ့ကို ကွာရှင်းလိုကြောင်း  အင်စတာဂရမ်မှာ screenshot ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။ အများစုသိကြတာကတော့ ဂူဟဲဆောင်းန် ဘက်က မကွာရှင်းသေးဘဲ ညှိနှိုင်းဖို့ တောင်းဆိုခဲ့တယ်လို့ သိကြတာပါ။ ဒါပေမဲ့ ဂူဟဲဆောင်းန်က အရင် ကွာရှင်းပေးဖို့ အန်ဂျယ်ဟွန်းကိုတောင်းဆိုခဲ့တာဖြစ်ကြောင်း အနုပညာအသိုင်းအဝိုင်းက အသိမိတ်ဆွေက ပြောပြလာပါတယ်။ သူ ဘယ်လိုပြောပြသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

“ဂူဟဲဆောင်းန် က အရင် ကွာရှင်းဖို့ တောင်းဆိုခဲ့တာပါ။ ကွာရှင်းဖို့ ရှေ့နေ ငှားပြီးဖြစ်ကြောင်း အန်ဂျယ်ဟွန်းကို အရင်ပြောခဲ့တာပါ။ ပြီးတော့ ကွာရှင်းစာချုပ်ကိုလဲ ကိုယ်တိုင်ပဲ လာပေးခဲ့တာပါ။ ဒီကြားထဲ ဂူဟဲဆောင်းန်ရဲ့ အမေက နေမကောင်းဖြစ်သွားတာကြောင့် ကွာရှင်းဖို့ နှောင့်နှေးသွားပြီး အခြေအနေတွေ ဘယ်လို ဖြစ်သွားလဲ မပြောတတ်ပေမယ့် သူမဘက်က message screenshot တွေကို ဆိုရှယ်မီဒီယာမှာ ချပြလာပါတယ်။

ဂူဟဲဆောင်န်းဟာ သူမဘက်က စိတ်ခံစားချက်အကြောင်းကိုသာ ချပြသွားတာပါ။ အကြောင်းစုံတော့မဟုတ်သေးပါဘူး။” ဆိုပြီးပြောပြသွားပါတယ်။

ဂူဟဲဆောင်းန်နဲ့ အန်ဂျယ်ဟွန်းတို့ဟာ ပြီးခဲ့တဲ့ မေလပိုင်း၊ ၂၀၁၆ မှာလက်ထပ်ခဲ့ကြပြီး အိမ်ထောင်သက်တမ်း သုံးနှစ်ကျော်ကာလမှာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

Song စုံတွဲ ကွာရှင်းအပြီး အခုလို လူတကာ အားကျရတဲ့ မနဲ့မောင်စုံတွဲလေးကလဲ ကွာရှင်းသွားတာကြောင့် ပရိတ်သတ်တွေအတွက် စိတ်မကောင်းစရာ ကိစ္စရပ်တစ်ခုပါပဲ။

Ref:koreaboo

(ပိုပိုလေး)



Follow us on