1. Home
  2. Movie Stars - Celebrity

ကွာရှင်းသတင်းကြောင့် တီဗွီအစီအစဉ်မှာပါဝင်တဲ့ အဓိကအခန်းတချို့ဖြတ်ချခံရ

Movie Stars - Celebrity ส.ค. 20, 2562 view 1,517

မြန်မာပရိတ်သတ်တွေ F4 မင်းသမီးလို့ သိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့မှာ ခင်ပွန်းသည် အန်ဂျယ်ဟွန်းနဲ့ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲတော့မယ့် အကြောင်း ပရိတ်သတ်ကို အသိပေးခဲ့ပါတယ်။ ကွာရှင်းသတင်းမကြေငြာခင် My Little Old Boy တီဗွီအစီအစဉ်မှာ ပါဝင်ခဲ့ပြီး ခင်ပွန်းသည်နဲ့ ချစ်စခင်စတုန်းက အကြောင်းအရာလေးတွေကို ဝေမျှခဲ့ကြောင်းသိရပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

My Little Old Boy အစီအစဉ်ဟာ ဂူဟဲဆောင်းန်ပါဝင်တဲ့ အပိုင်းကို သြဂုတ် ၁၈ မှာ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားပေမယ့် ဂူဟဲဆောင်းန်ရဲ့ ကွာရှင်းသတင်းပေါ်ထွက်လာတာကြောင့် ထုတ်လွှင့်မယ့် အပိုင်းရဲ့ အဓိက အခန်းတချို့ကို ဖြတ်ချလိုက်ရပါတယ်။

ဂူဟဲဆောင်းန်နဲ့ အန်ဂျယ်ဟွန်းတို့ စုံတွဲဟာ လူအများအားကျရတဲ့ အနုပညာမောင်နှံဖြစ်တာကြောင့် ဂူဟဲဆောင်းန်ပြောတဲ့ ချစ်စကြင်စတုန်းက အကြောင်းလေးတွေ ပါဝင်တဲ့အခန်းကို အဓိက အရေးအပါဆုံး အခန်းအဖြစ် ပြသဖို့စီစဉ်ခဲ့ကြပါတယ်။

My Little Old Boy အစီအစဉ်မှာ ဂူဟဲဆောင်းန် က ခင်ပွန်းသည်နဲ့ တွေ့ဆုံခဲ့ပုံ၊ ပထမအနမ်းမှာတင် ခင်ပွန်းသည်က ရှက်ပြီးထွက်ပြေးခဲ့တာကြောင့် သူမအတွက် ရယ်စရာ အမှတ်တရလေးတွေ ဖြစ်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ဒီအခန်းတွေကို မထုတ်လွှင့်ခင် ရက်ပိုင်းအနည်းငယ်က preview အနေနဲ့ ပြခဲ့ပေမယ့် အမှန်တကယ် ထုတ်လွှင့်တဲ့ရက်မှာတော့ ကွာရှင်းသတင်းကြောင့် ဖြတ်လိုက်ရပါတယ်။

ခင်ပွန်းသည်နဲ့ အဆင်မပြေဖြစ်နေတဲ့ အခြေအနေမျိုးမှာတောင် လူအများရှေ့မှာ တော်ကြောင်း၊ ကောင်းကြောင်း၊ သူမကို ဘယ်လိုချစ်ပေးကြောင်း အစရှိတဲ့ ချီးကျူးစကားတွေကိုသာပြောနေခဲ့တာပါ။ သူမရဲ့ စိတ်ဓာတ်ကိုတော့ မလေးစားပဲ မနေနိုင်တော့ပါဘူး။

Ref:koreaboo

(ပိုပိုလေး)

 



Follow us on