1. Home
  2. Movie Stars - Celebrity

ဒီနေ့ ကိုယ့်အဆင့် ကိုယ်သိပြီလား..?

Movie Stars - Celebrity ส.ค. 20, 2562 view 1,592
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Master Chef Myanmar ပြိုင်ပွဲအပြီးမှာ ပရိသတ်တွေလဲ ခံစားမှုမျိုးစုံနဲ့ ရင်တလှပ်လှပ် ဖြစ်ကျန်ခဲ့ရပါတယ်။ 
ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့အတူ တစ်ပတ်ကို တစ်ယောက် ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပြီး အခုနောက်ဆုံး ပြိုင်ပွဲဝင် ၁၅ ဦးသာ ကျန်ရှိပါတော့တယ်။  
 
ဒီတစ်ပတ်မှာ Mystery Box Challenge နဲ့ စတင်ခဲ့ကြရပြီး ‘အာကာ’ က Winner ရရှိခဲ့ပါတယ်။ ‘အာကာ’ နဲ့အတူ Top 3 သုံးယောက်ဖြစ်တဲ့ ‘ရွှန်းရွှန်းအောင်’ ‘နော်လားဂျွန်ဖော်’ တို့ Safe ဖြစ်ခဲ့ပြီး ကျန်တဲ့ ပြိုင်ပွဲဝင် ၁၂ ယောက်စလုံး Bottom ထိုင်ခဲ့ရပါတယ်။ 
 
 
သူတို့တွေထဲက ပြိုင်ပွဲဝင် တစ်ဦးကတော့ ဒိုင်လူကြီးတွေကို အကြီးအကျယ်စိတ်ပျက်စေခဲ့ပါတယ်။
နှစ်ယောက် တစ်တွဲ ပူးပေါင်းချက်ပြုတ်ရမယ့် ယှဉ်ပြိုင်မှုမှာ ‘မောင်မောင်ရဲရင့်’ နဲ့ ‘ဇင်မင်းမင်းထက်’ တို့ရဲ့ အတွဲက တစ်ယောက်တစ်မျိုးစီ ကွဲထွက်ပြီး ချက်ပြုတ်ခဲ့တာကြောင့် ဒိုင်လူကြီးတွေ စောင့်ကြည့်ခံခဲ့ရတဲ့အတွဲဖြစ်ပါတယ်။
 
 
နောက်ဆုံးထွက်မယ့် ဟင်းပွဲကိုတော့ ‘မောင်မောင်ရဲရင့်’ စိတ်ကြိုက် လွှမ်းမိုးခဲ့တဲ့အတွက် ဒိုင်လူကြီးဖြစ်တဲ့ ‘ဒေါ်ဖြူဖြူတင်’ က ‘ဇင်မင်းမင်းထက်’ မေးမြန်းရာမှာ ‘မောင်မောင်ရဲရင့်’ ကြားဖြတ် ဝင်ဖြေခဲ့တာကြောင့် အခြေအတင် အနည်းငယ်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာ “သူ့ကိုမေးနေတာ” လို့ စကားကို ပိတ်ပြောခဲ့ရပါတယ်။
 
“သူ ဘာမကျွမ်းကျင်တာလဲလို့ ကျွန်မသိချင်တာ”
“သူ့ကိုမေးနေတာ”
“သတ္တိမှ မရှိတာတပည့်လုပ်ပေါ့” စသည်ဖြင့် အပြန်အလှန် ပြောဆိုခဲ့ကြပါတယ်။
 
 
ဒိုင်လူကြီး ‘ဦးရှာကီ’ ကတော့ ‘မောင်မောင်ရဲရင့်’ ကို “ဒီနေ့ဟာ မင်းရဲ့ အညံ့ဆုံးနေ့” လို့ ကွန်မန့်ပေးပြီး Master Chef Kitchen ကနေ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 
 
ဟင်းပွဲတစ်ပွဲကို အတတ်နိုင်ဆုံး ကြိုးစားချက်ပြုတ်နိုင်ရုံလောက်နဲ့ Master Chef အရည်အချင်း မပြည့်မီသေးပါဘူး၊ ဒီတစ်ပတ်မှာတော့ အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အရည်အချင်း ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ စိတ်ဓါတ်တွေပေါ်မှာ အဓိက အခြေခံပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
 
 
ယခုတစ်ပတ်မှာတော့ တစ်ဖက်ပြိုင်ပွဲဝင်ရဲ့ သဘောတူညီမှု အပြည့်အဝမရပဲ လွှမ်းမိုးဆုံးဖြတ်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦး နှုတ်ဆက်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
ဒီတစ်ပတ်မှာလည်း ဒိုင်လူကြီးတွေရဲ့ တစ်မျိုးပြီးတစ်မျိုး မရိုးရတဲ့ ကွန်မန့်တွေကြောင့် ပရိသတ်တွေကပါ ပြိုင်ပွဲဝင်တွေနဲ့အတူ ရင်ခုန်နှုန်းမြန်ခဲ့ရပြန်ပါတယ်။
 


Follow us on