1. Home
  2. Movie Stars - Celebrity

မင်းသား ‘ကီးနူးရိဗ်’ နဲ့အတူ ‘The Matrix 4’ ပြန်လာတော့မယ်

Movie Stars - Celebrity ส.ค. 21, 2562 view 1,819
၃၆၀ ဒီဂရီ ကင်မရာပတ်လည်ရိုက်ချက်တွေနဲ့အတူ ဟောလိဝုဒ်ရုပ်ရှင်လောကကို တစ်ဆင့်မြင့်တက်သွားစေခဲ့တဲ့ ‘The Metrix’ သိပ္ပံရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေ မှတ်မိကြဦးမယ် ထင်ပါတယ်။
 
 
ဒီဇာတ်ကားရဲ့ လေးကားမြောက် The Matrix 4 ကို ပြန်လည် စတင်ရိုက်ကူးတော့မှာ ဖြစ်ပြီး အဓိကဇာတ်ကောင် ‘Neo’ နေရာမှာ မူလသရုပ်ဆောင်ဖြစ်တဲ့ ကီနူးရိဗ်(Keanu Reeves) ကပဲ ပြန်လည်ပါဝင် သရုပ်ဆောင်သွားမှာဖြစ်ကြောင်း Warner Bros က သြဂုတ်လ ၂၀ ရက်နေ့က အတည်ပြု ပြောကြားလိုက်ပါတယ်။
 
 
၁၉၉၉ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဦးဆုံး ‘The Metrix’ ဟာ အော်စကာဆုကြီးတွေလည်း ဆွတ်ခူးခဲ့သလို ဝင်ငွေ ၄၆၃.၅ သန်းထိရှိခဲ့တဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ‘The Matrix Reloaded’ နဲ့ ၂၀၀၃ ခုနှစ်မှာ ‘The Matrix Revolution’ တို့ နောက်ဆုံး ထွက်ခဲ့ပါတယ်။ 
 
 
ပထမဦးဆုံးရုပ်ရှင် The Matrix ကနေ နှစ်ပေါင်း ၂၀ ကြာပြီးနောက်မှာတော့ စတုတ္ထမြောက် The Matrix Trilogy ကို ပြန်လည် အသက်သွင်းဖို့ စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို The Matrix ရဲ့ မူရင်း ဒါရိုက်တာ Wachowski ကပဲ ရိုက်ကူးမှာဖြစ်ပါတယ်။ 
ဒါရိုက်တာ Wachowski လို့ပဲ အများကသိထား သူတွေကတော့ Andy နဲ့ Larry တို့ ညီအစ်ကို နှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ အခုဆိုရင် တရားဝင် လိင်ပြောင်းထားတာကြောင့် Lana နဲ့ Lilly တို့ ညီအစ်မ နှစ်ယောက်ဖြစ်နေကြပါပြီ။
 
 
မူးရင်း ဇာတ်လမ်းမှာတော့ Virtual Reality ကို အခြေခံထားပြီး စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်း အသွင် ဖန်တီးထားတဲ့ အက်ရှင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ 'The Matrix Trilogy' ဟာ ယခင် ဇာတ်ကားတွေနဲ့ အချိပ်အဆက် ရှိမရှိ ဆိုတာကို Warner Bros က ပြောကြားခြင်း မရှိသလို ရုံတင်မယ့်ရက်ကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။
‘The Matrix’ ဖန်တွေအတွက်တော့ စောင့်မျှော်ရင်ခုန်ရဦးမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်လာပါလိမ့်မယ်။


Follow us on