1. Home
  2. Movie Stars - Celebrity

မတန်တဆ ဈေးတင်ပြီး ကုန်ပစ္စည်းများရောင်းချနေတဲ့ Gong Hyo Jin

Movie Stars - Celebrity ส.ค. 21, 2562 view 1,702

နာမည်ကျော် မင်းသမီးကြီး Gong Hyo Jin ဟာ လတ်တလော Super Magic Factory အမည်ရတဲ့ brand ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်ရောင်းချနေတာပဲဖြစ်ပါတယ်။ သူမရောင်းချတဲ့ ကုန်ပစ္စည်းကတော့ ပုတီးစေ့လေးတွေနဲ့ ပြုလုပ်ထားတဲ့ ဖန်စီလက်စွပ်လေးတွေဖြစ်ပြီး မတန်တဆ ဈေးနဲ့ ရောင်းနေတာကြောင့် လူထုပရိတ်သတ်က ပြစ်တင်ဝေဖန်နေကြတာပဲဖြစ်ပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Handmade ဖန်စီလက်စွပ်လေးတွေကို ကိုးရီးယားဝမ် ၂သောင်း ၂ ထောင် နဲ့ ရောင်းချပြီး အမေရိကန် ဒေါ်လာ 18.22 ရှိတာကြောင့် လူထုပရိတ်သတ်တွေ ဝေဖန်လာကြတာပါ။

ဒီလို ပုတီးစေ့လေးတွေနဲ့ ပြုလုပ်တဲ့ လက်စွပ်တွေဟာ အွန်လိုင်းမှာ မှာရင်တော့ ဝမ် ၂ ထောင် အမေရိကန် ၁ ဒေါ်လာ စွန်းစွန်းလေးသာ ရှိပါတယ်။

“အချို့ကတော့ ဒီလို လက်စွပ်တွေဟာ ဝယ်စရာမလိုဘဲ ကိုယ့်စိတ်ကြိုက် ကိုယ်ပိုင် ဒီဇိုင်နဲ့သီကုံးပြီး ဝတ်လို့တောင်ရတယ်၊ ဒီလို ဈေးကြီးပေးပြီး ဝယ်နေစရာမလိုဘူး” လို့ ပြောဆိုလာကြပါတယ်။

Super Magic Factory ကုန်ပစ္စည်းအမှတ်တံဆိပ်ဟာ သာမန်အလယ်အလတ်ဈေးလောက်သာ ရှိတဲ့ တီရှပ်၊ ဂျင်းဘောင်းဘီ၊ phone cover များကိုလဲ မတန်တဆ ဈေးတွေနဲ့ တင်ရောင်းနေတာကြောင့် လူတွေ ပြောစရာဖြစ်လာပါတယ်။

သူကိုယ်တိုင် ထုတ်လုပ်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်က အခုလို ဝေဖန်ရှုံ့ချခံနေရတာကို မင်းသမီးကြီး Gong Hyo Jin အနေနဲ့ ဘယ်လို ဖြေရှင်းချက်ထုတ်ပြန်လာမလဲဆိုတာကို ဆက်လက်စောင်ကြည့်ရမှာပါ။

Ref:allkpop

(ပိုပိုလေး)

 

 

 

 



Follow us on