1. Home
  2. Movie Stars - Celebrity

မင်းသားအရွေးမှားသွားလို့ အရှုံးပေါ်နေတဲ့ Shanghai Fortress ရုပ်ရှင်

Movie Stars - Celebrity ส.ค. 21, 2562 view 1,809

ကမ္ဘာကျော် ဟောင်ကောင်မင်းသမီးကြီး ရှုကြည် ပါဝင်သရုပ်ဆောင်ထားတဲ့ Shanghai Fortress ရုပ်ရှင်ကားကြီးဟာ အရှုံးပေါ်နေပြီပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ effect မပီပြင်မှု၊ သရုပ်ဆောင်တွေရဲ့ မပီပြင်မှုတွေကြောင့် ဝေဖန်ခံနေရတာပါ။ ဇာတ်ကားဟာ နာမည်ကြီး fiction တစ်ခုကို ပြန်လည်ရိုက်ကူးထားတာကြောင့် စာဖတ်ပရိတ်သတ်ရဲ့စိတ်ကျေနပ်မှုကိုလဲ မရရှိခဲ့ပါဘူး။ Shanghai Fortress ဒါရိုက်တာမှ ပြီးခဲ့တဲ့ရက် အင်တာဗျူးတစ်ခုမှာ မင်းသားရွေးချယ်မှု မှားယွင်းခဲ့လို အခုလို ဖြစ်သွားရတဲ့အကြောင်းပြောပြလာပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

“ကျွမ်းကျင်မှု ဘက်က technology နဲ့ ပြောရမယ်ဆိုရင်တော့ Luhan အပေါ်မှာ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ သရုပ်ဆောင်မင်းသားရဲ့ မတူညီတဲ့ စတိုင်ကို လစ်လျှူရှူမိလိုက်လို့ Luhan ကိုထည့်သုံးတာ မှားသွားတယ်” ဆိုပြီး မီဒီယာ အင်တာဗျူးတစ်ခုမှာပြောကြားသွားပါတယ်။

production team နဲ့ ဒါရိုက်တာ Teng Huatao တို့ဟာ Luhan ကို Shanghai Fortress မှာပါဝင်သရုပ်ဆောင်ဖို့ ၂၀၁၄ ခုနှစ်ကတည်းက ရွေးချယ်ခဲ့ကြတာပါ။ Luhan ဟာ Jiang Yang ကာရိုက်တာနဲ့ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ထပ်တူကျပေမယ့် တိုက်ခိုက်ရတဲ့ ဇာတ်လမ်းတွေမှာတော့ အခက်အခဲတွေရှိခဲ့ပါတယ်။

အများစုကတော့ ဒါရိုက်တာ Luhan ကိုရွေးချယ်ခဲ့တာဟာ Luhan ရဲ့ ပေါ်ပြူလာဖြစ်မှုကြောင့်ဆိုပြီးထင်မှတ်ခဲ့ကြပါတယ်။ Jiang Yang ကာရိုက်တာနဲ့ Luhan ဟာ အမှန်တကယ် ရုပ်ချင်းဆင်တူတာကြောင့် ရွေးချယ်ခဲ့ကြောင်းကို ဒါရိုက်တာ Teng Huatao ကပြောပြထားပါတယ်။

ဒါရိုက်တာ Teng Huatao ဒီအကြောင်းအရာကို ဖြေကြားပြီးနောက် တရုတ် ဆိုရှယ်မီဒီယာဆိုဒ် weibo မှာ “Teng Huatao က Luhan ကို ထည့်သုံးခဲ့တာ မှားသွားတာပါ” ဆိုပြီး trend ဖြစ်သွားပါတယ်။

Shanghai Fortress ဟာ တရုတ်နိုင်ငံရဲ့ဒုတိယ အကြိမ်မြောက် သိပ္ပံရုပ်ရှင်ကားကြီးဖြစ်ပြီး ရိုက်ကူးရေး ဘတ်ဂျက်သန်းလေးရာ၊ မားကတ်တင်း ဘတ်ဂျက် သန်းခုနှစ်ဆယ်လောက် အကုန်အကျခံထားတာဖြစ်ပါတယ်။ လက်ရှိ Douban မှာ 3.2 score ရရှိသည့်တိုင် အခြေအနေဆိုးဝါးနေတာပဲဖြစ်ပါတယ်။

Ref:dramapanda

(ပိုပိုလေး)

 

 



Follow us on