
တောင်ကိုးရီးယား နာမည်ကျော် Kpop အဆိုတော် အဖွဲ့ Blackpink မှ အငယ်ဆုံး အဖွဲ့ဝင် Lisa ဟာဆိုရင် အဖွဲ့မှာ main dancer တစ်ဦးပဲဖြစ်ပါတယ်။ Lisa ဟာ လွန်ခဲ့တဲ့ ၈ လက Lilifilm အမည်ရတဲ့ သူမကိုယ်ပိုင် Youtube Channel ကို ဖွင့်ခဲ့ပါတယ်။ Lilifilm မှာ Blackpink အဖွဲ့ဝင်တွေနဲ့ အတူသွားလာတဲ့ အကြောင်းအရာလေးတွေ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးတဲ့အခါ လေဆိပ်မှာ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို ဝေမျှလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ အရင်နေ့တွေကနဲ့ မတူပဲ ပရိတ်သတ်ကြီး စောင့်မျှော်နေတဲ့ အကဗွီဒီယိုဖိုင်တစ်ခုကို တင်ပေးလိုက်ပါပြီ။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

အကကို ငယ်ငယ်ကတည်းက ရူးသွပ်လာတဲ့ Lisa ဟာ သူမရဲ့ ရူးခါလောက်တဲ့ အကစွမ်းရည်တွေကို ပရိတ်သတ်ကို နောက်တစ်ခါ ထပ်မံချပြလိုက်ပါပြီ။ နောက်ခံသီချင်း ကတော့ Rosalia ရဲ့ MALAMENTE ပဲဖြစ်ပါတယ်။
Lisa ဟာ YG ကို အကစွမ်းရည်နဲ့ ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ YG က ထိုင်းမှာ လာရောက်ပြုလုပ်တဲ့ audition မှာတစ်ဦးတည်းသော အောင်မြင်သူဖြစ်ခဲ့ပါတယ်။

ငယ်စဉ်ကတည်းက ကရတာကို ဝါသနာပါပြီး ရူးသွပ်လွန်းတာကြောင့် Lisa ကို သူ့မိဘတွေက idol တစ်ယောက်ဖြစ်လာဖို့ ခွင့်ပြုခဲ့တာပဲဖြစ်ပါတယ်။
.jpg)
ဝါသနာကို အခြေခံပြီး ပြုစုပျိုးထောင်ပေးခဲ့တာကြောင့် Lisa ဟာ အခုဆို ကမ္ဘာကျော်တဲ့ idol တစ်ယောက်ဖြစ်နေပါပြီ။ Rap, dance တွေမှာသာမက ဖက်ရှင်မှာလဲ တစ်မူထူးခြားနေတာမို့ လူငယ်တွေကို လွှမ်းမိုး ထားနိုင်သူတစ်ဦးပါပဲ။

Lisa နဲ့ Blackpink အကြောင်းကိုပိုသိချင်တယ်ဆိုရင် Lilifilm ကို Youtube သွားပြီး subscribed လုပ်ထားနိုင်ပါတယ်နော်။
Ref:Lilifilm
(ပိုပိုလေး)
comment