လူ့သက်တမ်းကို ပျှမ်းမျှ ၈၀/၉၀ လောက်ပဲ တွက်ထားတဲ့ အခုခေတ်မှာ အသက် ၁၀၇ နှစ် မပြောနဲ့ အသက် ၉၀ လောက်ထိ နေရဖို့ဆိုတာတောင် မသေချာပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံ နယူးရော့ခ်မြို့က Louise Signore ဆိုတဲ့ ဘွားဘွားကတော့ သူ့ရဲ့ အသက် ၁၀၇ နှစ်ပြည့် မွေးနေ့ကို ပြီးခဲ့တဲ့ ဇူလိုင်လက JASA Bartow Senior Centre လူအိုရုံမှာ ပြုလုပ်ခဲ့ပါတယ်။
ဘွားဘွား Louise ကို ၁၉၁၂ ခုနှစ်မှာ နယူးရော့ခ်မြို့မှာပဲ မွေးဖွားခဲ့ပါတယ်။ အဖွားဟာ ပျော်ပျော်နေတတ်သူဖြစ်ပြီး လူအိုရုံမှာရှိတဲ့ သူ့အပေါင်းအသင်းတွေဟာ သူမရဲ့ ဇဝနဉာဏ်ရွှင်မှုကြောင့် သူတို့ရဲ့ နောက်ဆုံးအချိန်တွေကို နေ့စဉ်ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်။
အသက်ရှည်လွန်းတဲ့ အဖိုး၊ ဖွားတွေကို ဘာကြောင့်အသက်ရှည်ရတာလည်းလို့ မေးတဲ့အခါ သူတို့အားလုံးနီးပါးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားလို့ဆိုတာပဲ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် ဘွားဘွား Louise ကတော့ ဒီလိုမဟုတ်ပဲ သူအခုအရွယ်ထိ အသက်ရှည်ကျန်းမာနေရတဲ့ လျှို့ဝှက်ချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်ပါတယ်။
သူအခုလို အသက်ရှည်နေရတာဟာ အိမ်ထောင်မပြုလို့ ဖြစ်ပါတယ်တဲ့။ သူမဘဝတစ်လျှောက်လုံး အိမ်ထောင်မပြုပဲ လူလွတ်ဘဝနဲ့ လွပ်လပ်စွာနေထိုင်ခဲ့တယ်လို့ဆိုပါတယ်၊ ဒါကြောင့်မို့ စိတ်ဖိစီးမှုဆိုတာ သူမမှာမရှိပဲ ပေါ့ပေါ့ပါးပါး စိတ်ချမ်းချမ်းသာသာနဲ့ အခုလို အသက်ရှည်နေရတာပါလို့ ပြောဆိုခဲ့ပါတယ်။