1. Home
  2. Movie Stars - Celebrity

ရင်သားကြီးတဲ့ မိန်းကလေးတွေကိုသာ ကြိုက်တယ်ဆိုတဲ့ အန်ဂျယ်ဟွန်း

Movie Stars - Celebrity ส.ค. 22, 2562 view 1,545

ကောင်မလေးတွေ သည်းသည်းလှုပ်ဖြစ်ကြတဲ့ ကိုးရီးယားမင်းသားချောလေး အန်ဂျယ်ဟွန်းဟာ ဇနီးသည် ဂူဟဲဆောင်းန်နဲ့ ကွာရှင်းပြတ်စဲမှာဖြစ်ပါတယ်။ သြဂုတ် ၁၈ ရက်နေ့မှာ ဂူဟဲဆောင်းန်က သူမအင်စတာဂရမ်ကနေ ခင်ပွန်းဖြစ်သူက သူမကို ကွာရှင်းလိုကြောင်း ပရိတ်သတ်ကို အသိပေးခဲ့ပါတယ်။ ဂူဟဲဆောင်န်း ရင်သားတွေက ဆွဲဆောင်မှုမရှိတာကြောင့် အန်ဂျယ်ဟွန်းက ကွာရှင်းချင်တာဖြစ်ကြောင်း  သြဂုတ်၂၁ ရက်နေ့ ဂူဟဲဆောင်းန်အင်စတာဂရမ် ပို့စ်မှာ ရေးသားထားပါတယ်။ အန်ဂျယ်ဟွန်း မိန်းကလေးတွေရဲ့ ရင်သားနဲ့ ပတ်သတ်ပြီး တီဗွီအစီအစဉ်တစ်ခုမှာ ပြောဖူးပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

အန်ဂျယ်ဟွန်းဟာ အောက်တိုဘာ၊၂၀၁၄ တုန်းက  JTBC ရုပ်သံလိုင်းက ရိုက်ကူးတင်ဆက်တဲ့ Witch Hunt တီဗွီရှိုး အစီအစဉ်မှာပါဝင်ခဲ့ပါတယ်။

အစီအစဉ်မှာ မိန်းကလေးတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးကြတဲ့အခါ ရင်သားတွေက သူ့အတွက် ဆွဲဆောင်မှုအရှိဆုံးလို့ပြောခဲ့ပါတယ်။

တစ်ဖန် အန်ဂျယ်ဟွန်းက “ရင်သား  ကြီးလေကောင်းလေပဲ ရင်သားကြီးတဲ့ မိန်းကလေးတွေက ကျွန်တော့်ကို တကယ်ပဲ ဆွဲဆောင်နိုင်တယ်” ဆိုပြီးပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက် ဂူဟဲဆောင်းန်က အင်စတာဂရမ်မှာ အန်ဂျယ်ဟွန်းဟာ သူမ ရင်သားနဲ့ nipples တို့ ဆွဲဆောင်မှုမရှိတာကြောင့် ကွာရှင်းဖို့ တောင်းဆိုခဲ့တယ်လို့ ရေးသားထားပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 

 

 

 



Follow us on