1. Home
  2. Movie Stars - Celebrity

Jimin ဆိုတဲ့ နာမည်နဲ့ ပရိတ်သတ်နှလုံးသားကို ဖမ်းစားထားတဲ့အနုပညာရှင်(၅) ဦး

Movie Stars - Celebrity ส.ค. 23, 2562 view 1,605

“နာမည်တူ မရှားလူသူမရှား” ဆိုတဲ့ စကားပုံအတိုင်း လောကမှာ နာမည်သူတဲ့ လူဦးရေ သိပ်များသလို၊ ရုပ်ရည်အားဖြင့် မျက်နှာချင်းတူတဲ့ သူတွေလဲ သိပ်များပါတယ်။ ကိုးရီးယား အနုပညာရှင်တွေထဲ Jimin ဆိုတဲ့ နာမည်နဲ့ သူတွေများပြီး သူတို့ဟာ နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြသူတွေပါပဲ။ နာမည်တူ Jimin (၅) ယောက် က ဘယ်သူတွေလဲ ဘယ်လို နယ်ပယ်တွေမှာ အောင်မြင်နေကြတယ်ဆိုတာ သိရှိဖို့ ပိုပိုလေးနဲ့အတူ လိုက်ပါစီးမျောလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Park Ji Min

BTS အဖွဲ့ဝင် Jimin ကတော့ world wide အောင်မြင်တဲ့ idol တစ်ယောက်ဖြစ်ပြီး မိန်းကလေးတွေ သည်းသည်းလှုပ်ဖြစ်နေရသူတစ်ဦးပါပဲ။

Han Ji Min

သရုပ်ဆောင် Han Ji Min က 2012 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Rooftop Prince ဇာတ်လမ်းတွဲနဲ့ လူသိများလာပြီး အခုဆို အောင်မြင်တဲ့ မင်းသမီးတစ်လက် ဖြစ်နေပါပြီ။

Shin Ji Min

AOA အဖွဲ့ဝင် Ji Min ကတော့ Unpretty Rapstar 1 မှာ သူမရဲ့ rap skill တွေကြောင့် ပရိတ်သတ်သတိထားမိလာပါတယ်။ talents ပိုင်းကလဲ ပြောစရာမလိုသလို ချစ်ဖို့ကောင်းတဲ့ သူမရဲ့ အမူအရာကြောင့် ချစ်ခင်တဲ့ ဖန်တွေ အများအပြားရရှိထားသူပါ။

Kim Ji Min

ဟာသပညာရှင် Kim Ji Min ကတော့ တောင်ကိုးရီးယား ဟာသတီဗွီအစီအစဉ် Gag Concert ကနေ လူသိများလာပြီး Get it beauty မှာလဲ MC အဖြစ်ပါဝင်ထားပါသေးတယ်။ သူမပါဝင်သရုပ်ဆောင်ဖူးတဲ့ ဇာတ်လမ်းတွဲကတော့ မင်းသား Ju Ji Hoon ပါဝင် သရုပ်ဆောင်ထားတဲ့ Mask ပဲဖြစ်ပါတယ်။

Park Ji Min

သူကတော့ BTS Jimin နဲ့ မျိုးရိုးနာမည်လဲတူ ကိုယ်ပိုင်နာမည်လဲတူတဲ့သူပါ။ ဒါပေမဲ့ သူကမိန်းကလေးပါ။ JYP ကနေ 15& ဆိုတဲ့ အဖွဲ့နဲ့ ပွဲဦးထွက်ခဲ့ပြီး လူသိများလာခဲ့ရာက After school club မှာ MC အဖြစ်ပါဝင်ခဲ့ပါတယ်။ အခုဆိုရင် တစ်ကိုယ်တော်အဆိုတော်အဖြစ် အောင်မြင်နေပြီလို့လဲ ပြောလို့ရပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 

 



Follow us on