1. Home
  2. Movie Stars - Celebrity

VMAs မှာ ဆုကြီးနှစ်ဆုရရှိသွားတဲ့ BTS

Movie Stars - Celebrity ส.ค. 28, 2562 view 1,566

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော်အဖွဲ့ BTS ဟာဆိုရင် အာရှနိုင်ငံတွေသာမက အနောက်နိုင်ငံတွေအထိပါ ပေါက်မြောက်အောင်မြင်နေတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ စတင်ပွဲဦးထွက်ပြီး ၃ နှစ်အတွင်း ဟောလိဝုဒ်ထိ တက်လှမ်းနိုင်ခဲ့ပြီး Billboard Music Award တွေကို ပိုင်ဆိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ရဲ့ VMAs မှာလဲ ဆုကြီးနှစ်ဆုပိုက်ပြီး အိမ်ပြန်ရပြန်ပါပြီ။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

BTS ဟာ Best Art Direction, Best Collaboration, Best Cheorography, Best Kpop နဲ့ Best  Group ဆုကြီး(၅)ဆုနဲ့အတူ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ထိုအထဲကမှ Best Kpop နဲ့ Best Group ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

Best Kpop ဆုကို Blackpink, Exo, Monsta X, NCT 127, TXT တို့နဲ့အတူ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပြီး BTS က ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

Best Group ဆုကိုတော့ Blackpink, five seconds of summer, Backstreet Boys, CNCO, Jonas Brothers, PRETTYMUCH, Why Don’t We တို့နဲ့အတူ ဆန်ခါတင်စာရင်းမှာ ပါဝင်ရင်း BTS ကဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

VMAs ဟာဆိုရင် ဟောလိဝုဒ် အဆိုရှင်တွေကြား ရဖို့ခက်ခဲတဲ့ ဆုကြီးတစ်ဆုဖြစ်ပြီး BTS ကတော့ နှစ်ဆုတောင် ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

Ref:koreaboo

(ပိုပိုလေး)



Follow us on