1. Home
  2. Movie Stars - Celebrity

ရည်းစားနှစ်ယောက်တစ်ပြိုင်တည်းထားတဲ့ idol တွေအကြောင်း ပြောပြလာတဲ့ Dal Shabet’s Serri

Movie Stars - Celebrity ส.ค. 29, 2562 view 1,818

တောင်ကိုးရီးယား မိန်းကလေး Kpop အဆိုတော်အဖွဲ့  Dal Shabet အဖွဲ့ဝင် Serri ဟာ သူမ Youtube Channel ကနေ idol တွေ ရည်းစားထားတဲ့ ပုံစံကို ပြောပြလာပါတယ်။ သူကိုယ်တိုင်က idol တစ်ယောက်ဖြစ်ပေမဲ့ ဒီလို အဖြစ်အပျက်မျိုးတွေ တကယ်ရှိခဲ့တယ်ဆိုတာ မယုံနိုင်ဘူးလို့ပြောပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Idol အဆိုတော်တွေဟာ instagram မှာ တစ်ယောက်နဲ့တစ်ယောက် direct message ပို့ပြီး ဒိတ်ကြတယ်လို့ Serri ကပြောပါတယ်။ ခုခေတ် idol တွေဟာ ရည်းစားထားတဲ့အခါ ဖုန်းနံပါတ် မပေးကြတော့ပဲ ဆိုရှယ်မီဒီယာကနေပဲ စကားပြောကြပါတယ်။

ဒီထက်ထူးဆန်းတာကတော့ ကိုးရီးယားရဲ့ နာမည်ကြီး မီဒီယာ Dispatch ဟာ အနုပညာရှင်တွေနဲ့ အချိတ်အဆက်လုပ်ပြီး သတင်းပြုလုပ်နေတာပဲဖြစ်ပါတယ်။ Serri ပြောပြချက်အရ Dispatch ဟာ idol နှစ်ယောက် ဒိတ်လုပ်တာကို မိထားရင် အဆိုပါ idol တွေနဲ့ ဆက်သွယ်ပြီး သဘောတူညီချက်အရင် ရယူပါတယ်။ ပြီးမှ ဓာတ်ပုံတွေကို လူထုကို ချပြပြီး သူတို့နှစ်ယောက် ဒိတ်နေပါတယ်လို့ အသိပေးတာဖြစ်ပါတယ်။

Idol တွေ ပြတ်တော့မယ်ဆိုရင်လဲ Dispatch ကို အသိပေးပြီးမှာ လမ်းခွဲပြတ်စဲကြပါတယ်။ idol တွေ အတွက် ခက်ခဲတဲ့အချိန်ကတော့ သူတို့ ရည်းစားဟောင်းနဲ့ music show မှာ အတူပြန်တွေ့ရတာပါပဲ။

Serri ကိုယ်တိုင်က ဒီသတင်းကို လက်ဖက်ရည်သောက်ရင်း ကြားမိတော့ လက်ဖက်ရည်တောင် သီးသွားတယ်လို့ပြောပါတယ်။ idol တွေဟာ နာမည်ကြီးလာတာနဲ့ ရည်းစားနှစ်ယောက် ထားလေ့ရှိတာပါ။ အဲ့တာကတော့ အနုပညာရှင် အသိုင်းအဝိုင်းထဲက ရည်းစားကတစ်ယောက်၊ ပြင်ပက သာမန်လူထဲက ရည်းစားတစ်ယောက် ထားရှိကြတာပဲဖြစ်ပါတယ်။

Serri က ပြင်ပမှာ ရည်းစားရှိနေတဲ့ cele တစ်ဦးက တခြား cele နဲ့ dating သတင်းထွက်တိုင်းအံ့သြနေရတယ် လို့ပြောပါတယ်။

Ref:allkpop

(ပိုပိုလေး)



Follow us on