ဘော်ဒီခပ်မိုက်မိုက် အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် Kang Sora ဟာဆိုရင် ပရိတ်သတ် နှစ်သက်ချစ်ခင်မှု ရရှိထားသူတစ်ဦးပါ။ Kang Sora ဟာ မိခင်နဲ့အတူ ဥရောပတစ်ခွင် အလည်အပတ်ခရီးထွက်ခဲ့ပါတယ်။ အမေနဲ့ နှစ်ယောက်တည်း ခရီးထွက်ပြီး ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ ဝေမျှပေးလာပါတယ်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Kang Sora ဟာ အမေနဲ့အတူ Switzerland, Florence, Luzern တို့ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။
အမေနဲ့နှစ်ယောက်တည်း သွားတာမို့ သူမပုံစံက လွတ်လပ်ပေါ့ပါးနေတာကို တွေ့ရမှာပါ။
ဓာတ်ပုံတွေအားလုံးကလဲ အမေကိုယ်တိုင်ရိုက်ကူးပေးထားတာပါတဲ့။
ဒီခရီးစဉ်မှာ Kang So Ra ရဲ့ မိတ်ကပ်မပါတဲ့ ကပိုကရို ပုံစံလေးကိုမြင်တွေ့နိုင်ပါတယ်။
ကိုယ့်ကို သတိမထားမိနိုင်တဲ့နေရာမျိုးမှာ သာမန်လူတစ်ယောက်လို လွတ်လွတ်လပ်လပ်သွားလာရတာဟာ အနုပညာရှင်တစ်ယောက်ရဲ့ ပျော်ရွှင်မှုပါပဲ။
အမေကိုယ်တိုင်ရိုက်ကူးပေးထားတာမို့ ဓာတ်ပုံတွေက သိပ်မလှပေမဲ့ သဘာဝတော့ အရမ်းကျပါတယ်။
Kang So Ra ရဲ့ ချစ်ဖို့ကောင်းတဲ့ အမူအကျင့်လေးတွေကို ဒီပုံတွေမှာ မြင်တွေ့နိုင်ပါတယ်။
Ref:koreaboo
(ပိုပိုလေး)