1. Home
  2. Movie Stars - Celebrity

Park Seo Jeon, Choi Woo Sik တို့နဲ့အတူ အပန်းဖြေခရီးထွက်ခဲ့တဲ့ BTS’s V

Movie Stars - Celebrity ส.ค. 30, 2562 view 1,715

တောင်ကိုးရီးယား နာမည်ကျော် K-pop အဆိုတော်အဖွဲ့ BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ V ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ခင်မင်ရင်းနှီးတဲ့ အစ်ကိုတွေနဲ့ ခရီးထွက်ခဲ့ပါတယ်။ V ဟာ Park Seo Jeon , Park Hyung Sik တို့နဲ့ Hwarang ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ရင်း ခင်မင်ရင်းနှီးခဲ့တာဖြစ်ပြီးနောက်ပိုင်း Park Seo Jeon မိတ်ဆက်ပေးမှုကြောင့် Choi Woo Sik , Peakboy တို့နဲ့ပါ ခင်လာတာဖြစ်ပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

လက်ရှိမှာ Park Hyung Sik က စစ်မှုထမ်းနေရတာကြောင့် အပန်းဖြေခရီးစဉ်မှာ မပါဝင်နိုင်ခဲ့ပါဘူး။

Park Hyung Sik မပါဝင်နိုင်တာကြောင့် Park Hyung Sik ဓာတ်ပုံကို ဖိုတိုရှော့ခ်လုပ်ပြီး ထည့်ခဲ့ကြပါတယ်။

V, Park Seo Jeon, Choi Woo Sik နဲ့ Peakboy တို့ (၄) ဦးဟာကမ်းခြေမှာ ပျော်ပါးခဲ့ကြပြီး အသားကင်တွေလဲ အတူစားခဲ့ကြပါတယ်။

Park Seo Jeon နဲ့ Choi Woo Sik တို့မှလဲ ကမ်းခြေမှာ သာယာနေကြောင်း အင်စတာဂရမ်မှာ တင်ခဲ့ကြပါတယ်။

Park Seo Jeon, Park Hyung  Sik, Choi Woo Sik, Peakboy နဲ့ V တို့ရဲ့ ညီအစ်ကိုလို သူငယ်ချင်းလို ခင်မင်ရင်းနှီးမှုတွေဟာ အတိုင်းထက်အလွန်ပါပဲ။

 

Ref:allkpop

(ပိုပိုလေး)

 



Follow us on