မျက်ခုံးမွှေးဆိုတာတစ်ယောက်နဲ့တယောက်မတူကြပါဘူး အထူအပါး လဲမတူသလိုအလျှားအရှည်လဲမတူပါဘူး။ မျက်ခုံးမွှေးကို လက်ဝဲဘက်က မျက်ခုံးမွှေးရဲ့ အစွန်းနေရာကိုလက်ဝဲဘက်ကို 45 ဒီဂရီလောက်တိန်းစောင်းနေရပါမယ်။ လက်ယာဘက်က မျက်ခုံးဆိုရင်လဲ လက်ရာဘက်ကို 45ဒီဂရီတိန်းစောင်းနေရပါမယ်။ တချို့ ပုံမှန်ပေါက်နေတဲ့ မျက်ခုံးတွေဟာ သေသေသပ်သပ်မရှိပါဘူး သေသေသပ်သပ်လေးဖြစ်နေအောင် နှုတ်ပေးတက်ဖို့လဲ လိုအပ်ပါတယ်။
ဒီလို နှုတ်ပစ်ခြင်းဟာ ကျန်မျက်ခုံးတွေကိုပိုသန်နိုင်စေပါတယ်။နှုတ်လိုက်တဲ့ လွတ်နေတဲ့ မျက်ခုံးနေရာမှာ brown pencil လို့ခေါ်တဲ့မျက်ခုံးမွှေးဆွဲခဲတံအညိုလေးတွေနဲ့ဖြည့်ပေးလို့ရပါတယ်။ မိမိတို့ရဲ့ မျက်ခုံးမွှေးအခြေအနေဟာ မိမိနဲ့လိုက်မလိုက် ရှိမရှိ ၊ ဖရိုဖရဲ ရှိမရှိကိုလဲ တပက်ကို၂ခါလောက်တော့အနည်းဆုံးစစ်ဆေးကြည့်သင့်ပါတယ်။အိမ်ရာမ၀င်ခင် နေလှမ်းထားတဲ့အုန်းဆီစစ်စစ် ဖြင့် ညဘက်ရောက်တဲ့အခါမှာ သုတ်ပေးရမယ် ၊ပွတ်သက်နှိပ်နှယ်ပေးမယ်ဆိုရင် မျက်ခုံးမွှေးတွေကိုနက်မှောင်ပြီး ပြောင်လက်တောက်ပစေပါတယ်။
မျက်ခုံးမွှေးတွေ ရှင်သန်နက်မှောင်စေချင်ရင် ဆေးရည်ကြည်ကိုလဲလိမ်းပေးလို့ရပါတယ်။အုန်းဆီ အစားကြက်ဆူဆီကို လိမ်းပြီး ပွတ်ပေးလို့ရပါတယ်။ ကျဲပါးနေတဲ့မျက်ခုံးမွှေးရှိတဲ့သူတွေအနေနဲ့ မျက်ခုံးမွှေးဆွဲတံအမျိုးမျိုး ပေါင်ဒါ ၊ ဂျယ် ၊ တို့နဲ့လဲ မျက်ခုံးအလှကို ဖော်လို့ရပါတယ်။ အရင်တုန်းက ဆိုရင် မျက်ခုံးအလှဆင်ရန်အတွက် မီးသွေးခဲနဲ့ မီးတောက်ပြီးသားသစ်သား မီးခြစ်ဆံလေးတွေ ရဲ့ ထိပ်ကလေးတွေကို ရေဆွတ်ပြီးမျက်ခုံးမွှေးဆွဲတက်ကြပါတယ်။